ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက်သို့ တစ်ဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။-
ရှင်ယောဟန် 11:54 - မြန်မာ ထိုကြောင့်၊ ယေရှုသည် နောက်တစ်ဖန် ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ Garrad Bible သို့ဖြစ်၍ယေရှုသည် ယုဒလူမျိုးတို့ဘောင်တွင် နောင်အထင်အရှားသွားလာတော်မမူဘဲ သဲတောစပ်ရှိ ဧဖရိမ်ခေါ်မြို့သို့ကြွရောက်၍ တပည့်တော်တို့နှင့်အတူနေထိုင်တော်မူ၏။ Judson Bible ထိုကြောင့်၊ ယေရှုသည် နောက်တစ်ဖန် ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ယေရှုသည် ဂျူးလူမျိုးတို့ထဲတွင် ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှထွက်ခွာ၍ တောကန္တာရနှင့်နီးသောအရပ်ဒေသ၌ရှိသည့် ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွပြီးလျှင် တပည့်တော်တို့နှင့်အတူ ထိုမြို့၌နေတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ယေရှုသည် ဂျူးလူမျိုးတို့အကြား ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှ ထွက်ခွာ၍ တောကန္တာရအနီး ဧဖရိမ်ဟု ခေါ်သော မြို့သို့ ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ |
ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက်သို့ တစ်ဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။-
ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။-
ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။
သို့သော်လည်း ယုဒလူတို့ကိုကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။
ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊-