လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊-
ရှင်ယောဟန် 11:45 - မြန်မာ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။- Common Language Bible ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။- Garrad Bible ထို့ကြောင့် မာရိထံလာရောက်၍ ပြုတော်မူသောအမှုကိုကြည့်မြင်သောယုဒလူမျိုးအများသည် ကိုယ်တော်ကိုယုံကြည်ကြ၏။ Judson Bible ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မာရိထံသို့လာ၍ ယေရှုပြုတော်မူသောအရာတို့ကိုမြင်ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ မာရိထံသို့ လာကြသည့် ဂျူးလူမျိုးများစွာတို့သည် ထိုအဖြစ်အပျက်ကို တွေ့မြင်ကြသောအခါ ယေရှုကို ယုံကြည်လာကြ၏။ |
လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊-
မာသနှင့် မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှာ ယုဒလူများတို့သည် လာကြ၏။-
ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ၍ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှာ သင်္ချိုင်းသို့သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။-
သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားဇရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။-
ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။-
လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။