ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင်၊ အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုးဓားပြဖြစ်၏။-
ရှင်ယောဟန် 10:8 - မြန်မာ ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။- Common Language Bible ငါ့ရှေ့တွင်ရောက်ရှိလာသူအားလုံးသည်သူခိုး ဋ္ဌားပြများဖြစ်ကြ၏။ သို့ရာတွင်သိုးတို့သည် ထိုသူတို့၏စကားကိုနားမထောင်ကြ။- Garrad Bible ငါ့အရင်ရောက်လာသူခပ်သိမ်းသည် သူခိုး၊ ဓားပြဖြစ်လျက် သိုးတော်တို့မနာမယူကြ။ Judson Bible ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ထက်အလျင်ဦးစွာရောက်လာသောသူရှိသမျှတို့သည် သူခိုးများ၊ ဓားပြများဖြစ်ကြ၏။ သို့သော် သိုးတို့သည် သူတို့ကိုနားမထောင်ခဲ့ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ရှေ့တွင် ရောက်လာကြသူအားလုံးသည် သူခိုးနှင့် ဓားပြများဖြစ်ကြ၏။ သို့သော် သိုးတို့သည် ထိုသူတို့၏ စကားကို နားမထောင်ကြပေ။ |
ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင်၊ အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုးဓားပြဖြစ်၏။-
ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။-
မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။