ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊-
ရှင်ယောဟန် 10:6 - မြန်မာ ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ Common Language Bible သခင်ယေရှုသည်ဤပုံဥပမာကိုထိုသူတို့ အားမိန့်တော်မူသော်လည်း သူတို့သည်ပုံဥပမာ တော်၏အနက်အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ Garrad Bible ထိုသို့မိန့်တော်မူချက်ကို သူတို့နားမလည်ကြ။ Judson Bible ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤပုံဥပမာကို လူတို့အားမိန့်တော်မူသော်လည်း မည်သည့်အကြောင်းအရာများမိန့်တော်မူသည်ကို သူတို့နားမလည်ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် သူတို့ကို ဤပုံဥပမာ ဟောပြောသော်လည်း သူတို့သည် အနက်အဓိပ္ပာယ်ကို နားမလည်ကြပေ။ |
ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊-
ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။-
ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့အား ဖွင့်ပြတော်မူ၏။
ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။-
တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟောပြောတော်မူ၏။-
ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။-
တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်းဟု ဆိုကြ၏။-
သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြ ဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။
အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။-