ဤသူကား ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု မိမိငယ်သားတို့အား ဆို၏။-
ရှင်ယောဟန် 10:41 - မြန်မာ လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊- Common Language Bible လူအများအပြားပင်အထံတော်သို့လာ ကြ၏။ သူတို့က ``ယောဟန်သည်အဘယ်အံ့ ဖွယ်နိမိတ်လက္ခဏာကိုမျှမပြခဲ့။ သို့ရာ တွင်ဤသူအကြောင်းနှင့်ပတ်သက်၍ယောဟန် ပြောသမျှမှန်ပေ၏'' ဟုဆိုကြ၏။- Garrad Bible အများတို့သည်ကိုယ်တော့်ထံရောက်လာ၍ ယောဟန်သည်မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြသည်မဟုတ်။ ဤသူနှင့်စပ်၍ ယောဟန်ဖော်ပြသမျှကား မှန်ပေသည်ဟုဆိုကြသည့်အတိုင်း၊ Judson Bible လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း လူများစွာတို့သည် ကိုယ်တော်ထံသို့ရောက်လာ၍ “ယောဟန်သည် မည်သည့်နိမိတ်လက္ခဏာကိုမျှ မပြုခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ သူပြောဆိုခဲ့သောအရာအားလုံးတို့သည် မှန်ပေ၏”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူများစွာတို့သည် ယေရှုထံတော်သို့ ရောက်လာကြ၏။ သူတို့က “ယောဟန်သည် နိမိတ်လက္ခဏာများကို မပြုခဲ့ပါ။ သို့သော်လည်း ဤသူနှင့်ပတ်သက်၍ ယောဟန်ပြောခဲ့သမျှသည် မှန်ကန်၏” ဟု ပြောဆိုကြ၏။ |
ဤသူကား ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု မိမိငယ်သားတို့အား ဆို၏။-
ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟု လျှောက်ဆို၏။-
ထိုအခါ အတိုင်းမသိများစွာသော လူတို့သည် စုဝေး၍ အချင်းချင်း နင်းမိမတတ်နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။-
တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။-
ထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်ဟု ပြန်ပြော၏။-
ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။