ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်လည်းကောင်း၊ ကျမ်းစကားကို မပယ်ရလျှင်လည်းကောင်း၊-
ရှင်ယောဟန် 10:34 - မြန်မာ ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။- Common Language Bible သခင်ယေရှုက ``ငါတို့ပညတ်ကျမ်းတွင် ဘုရား သခင်က `သင်တို့သည်ဘုရားများဖြစ်ကြ၏' ဟု ဖော်ပြထားလေသည်။- Garrad Bible ယေရှုကလည်း သင်တို့သည်ဘုရားများဖြစ်ကြောင်းငါမိန့်ဆိုခဲ့သည်ဟူ၍ သင်တို့ပညတ္တိကျမ်းတွင်ရေးထားသည်မဟုတ်လော။ Judson Bible ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“သင်တို့၏ပညတ်တရားကျမ်းတွင် ‘ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏’ဟူ၍ ရေးထားသည်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ကျမ်းစာတွင် ဘုရားသခင်က ‘သင်တို့သည် ဘုရားများဖြစ်ကြ၏’ ဟူ၍ ဖော်ပြထားသည်မဟုတ်လော။ |
ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်လည်းကောင်း၊ ကျမ်းစကားကို မပယ်ရလျှင်လည်းကောင်း၊-
လူများတို့ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ်တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ၏။-
သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။-