Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:34 - မြန်မာ

34 လူ​များ​တို့​က​လည်း၊ ခ​ရစ်​တော်​သည် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ပ​ည​တ္တိ​ကျမ်း၌​လာ​ကြောင်း​ကို အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​လျှင် လူ​သား​သည် မြှောက်​ထား​ခြင်း​ကို​ခံ​ရ​မည်​ဟု သင်​သည် အ​ဘယ်​သို့​ဆို​သ​နည်း။ ထို​လူ​သား​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 လူ​တို့​က ``မေ​ရှိ​ယ​သည်​ထာ​ဝ​စဉ်​အ​သက်​ရှင် တော်​မူ​၏​ဟု​ပ​ညတ်​ကျမ်း​က​ဆို​ပါ​သည်။ သို့ ဖြစ်​၍`လူ​သား​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်' ဟု​အ​ဘယ်​ကြောင့်​သင်​ဆို​ပါ​သ​နည်း။ လူ​သား​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ထိုအခါ လူပရိသတ်က ခရစ်တော်သည်ကာလအစဉ်တည်တော်မူသည်ကို ပညတ္တိကျမ်းဖြင့် အကျွန်ုပ်တို့ကြားသိပါလျက် လူ့သားသည်မြှောက်ထားခံရမည်ဟု အသို့ဆိုပါသနည်း။ လူသားဆိုသည်မှာ မည်သူပါနည်းဟုမေးကြသည်နှင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 လူ​များ​တို့​က​လည်း၊ ခ​ရစ်​တော်​သည် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ပ​ည​တ္တိ​ကျမ်း၌​လာ​ကြောင်း​ကို အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​လျှင် လူ​သား​သည် မြှောက်​ထား​ခြင်း​ကို​ခံ​ရ​မည်​ဟု သင်​သည် အ​ဘယ်​သို့​ဆို​သ​နည်း။ ထို​လူ​သား​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထိုအခါ လူထု​ပရိသတ်​က “ခရစ်တော်​သည် ကာလ​အစဉ်အဆက်​တည်​တော်မူ​၏​ဟု ပညတ်​တရား​ကျမ်း​အားဖြင့် အကျွန်ုပ်​တို့​ကြားသိ​ထား​သည်။ သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် ‘လူ့သား​သည် မြှောက်​ထား​ခြင်း​ခံ​ရ​မည်’​ဟု ဆို​သနည်း။ ဤ​လူ့သား​ဆို​သူ​မှာ မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 ထိုအခါ လူထု​က “ခရစ်တော်​သည် ထာဝရ​အသက်ရှင်တော်မူသည်​ဟု ပညတ်ကျမ်း​အရ ကျွန်ုပ်တို့​သိရပါ၏။ သို့ဖြစ်၍ သင်​က လူသား​သည် မြေ​မှ မြှောက်ထားခြင်း​ခံရမည်​ဟု အဘယ်ကြောင့်​ဆိုသနည်း။ ထို​လူသား​သည် မည်သူနည်း” ဟု မေးမြန်းကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:34
26 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် လူ​သား​ဖြစ်​သော ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊-


ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​သော​အ​ခါ တစ်​မြို့​လုံး အုတ်​အုတ်​သဲ​သဲ​ဖြစ်၍၊ ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊-


ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ သင်​တို့​သည် ဘု​ရား​ဖြစ်​ကြ၏၊ ငါ​ဆို​သည်​ဟု သင်​တို့၏ ပ​ည​တ္တိ​ကျမ်း​စာ၌ လာ​သည်​မ​ဟုတ်​လော။-


ငါ​သည်​လည်း မြေ​ကြီး​နှင့်​ခွာ၍ မြှောက်​ထား​ခြင်း​ကို ခံ​ရ​လျှင် လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​သို့ ငါ​ဆွဲ​မည်​ဟု မိန့်​တော်​မူ၏။-


သို့​ဖြစ်​လျှင်၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​မုန်း​ကြ၏​ဟု သူ​တို့၏​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-


ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ