အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-
ရှင်ယောဟန် 1:50 - မြန်မာ တစ်ဖန် ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှမက သင်သည် သာ၍ကြီးစွာသော အကြောင်းအရာကို မြင်လတ္တံ့။- Common Language Bible သခင်ယေရှုက ``သဖန်းပင်အောက်တွင်သင့် ကိုငါမြင်ကြောင်းပြောပြသည့်အတွက်သင် ယုံသလော။ ဤထက်ပို၍အံ့သြဖွယ်သော အမှုအရာတို့ကိုသင်မြင်ရလိမ့်မည်။- Garrad Bible ယေရှုက၊ သဖန်းပင့်အောက်တွင်သင့်ကိုမြင်ကြောင်းငါဆိုသည့်အတွက်ယုံသလော။ ဤထက်အကြီးအမြတ်များကို မြင်ရဦးမည်ဟူ၍လည်းကောင်း၊ Judson Bible တစ်ဖန် ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှမက သင်သည် သာ၍ကြီးစွာသော အကြောင်းအရာကို မြင်လတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သဖန်းပင်အောက်၌ သင့်ကို ငါမြင်သည်ဟုဆိုသောကြောင့် သင်ယုံကြည်သလော။ ဤထက်ကြီးမြတ်သောအရာများကို သင်မြင်ရလိမ့်မည်”ဟု ပြန်၍မိန့်တော်မူပြီးလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကလည်း “သဖန်းပင်အောက်၌ သင့်ကို ငါမြင်သည်ဟု ပြောသောကြောင့် ယုံကြည်သလော။ ဤထက်ကြီးမြတ်သော အခြင်းအရာများကို သင်မြင်ရလိမ့်မည်” ဟု မိန့်တော်မူ၏။ |
အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-
လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။-
အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-
ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ၍ နောက်တော်သို့လိုက်သောသူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။-
အရှင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။-
သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကိုလည်းကောင်း၊ သင်တို့သည် မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။
ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။-
ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။