ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟု ဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။-
ရှင်ယောဟန် 1:22 - မြန်မာ ထိုသူတို့ကလည်း၊ သင်သည် အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေခြင်းငှာ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။- Common Language Bible ထိုသူတို့က ``သင်သည်အဘယ်သူနည်း။ ငါ တို့ကိုစေလွှတ်လိုက်သူများအားပြန်၍ ပြောရပါမည်။ သင်ကိုယ်တိုင်ကမည်သို့ ဆိုပါသနည်း'' ဟုမေးမြန်းကြ၏။ Garrad Bible ငါတို့ကိုစေလွှတ်လိုက်သူတို့အားပြန်ပြောနိုင်ရန် သင်အသူနည်း။ သင့်ကိုယ်ကိုမည်သို့ဆိုသနည်းဟု မေးမြန်းကြသည့်ကာလ၊ Judson Bible ထိုသူတို့ကလည်း၊ သင်သည် အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေခြင်းငှာ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ကလည်း “သင်သည်မည်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်၍ဖြေကြားနိုင်ရန် သင့်အကြောင်းကို သင်မည်သို့ပြောမည်နည်း”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့ကလည်း “ဤသို့ဆိုလျှင် သင်သည် မည်သူနည်း။ ငါတို့ကို စေလွှတ်သောသူတို့အား အဖြေတစ်စုံတစ်ခုပေးရမည်။ သို့ဖြစ်၍ သင့်ကိုယ်သင် မည်သူဟု ဆိုပါမည်နည်း” ဟု မေးမြန်းကြ၏။ |
ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟု ဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။-
ယောဟန်ကလည်း၊ ငါသည်ပရောဖက်ဟေရှာယ ဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။-