ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။-
ရှင်မာကု 9:9 - မြန်မာ တောင်ပေါ်မှ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- Common Language Bible ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ Garrad Bible တောင် ပေါ် က ဆင်း လာ ကြ စဉ် သူ သေ တို့ အ ထဲ မှ လူ့ သား မ ရှင် ပြန် မ ထ မြောက် မီ မြင် ခဲ့ ရာ များ ကို မည် သူ့ အား မျှ မ ကြား မ ပြော စေ ရန် မှာ ထား တော် မူ သ ဖြင့်၊ Judson Bible တောင်ပေါ်မှ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ ယခု သင်တို့မြင်တွေ့ခဲ့ရသော အရာကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။ |
ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။-
ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတ္တံ့။-
ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။-
ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။-
ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။-
ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။
ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှာ သူတို့ကို ပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍ အလွန်သတင်း ကြားပြောကြ၏။-
တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။-
ထိုခဏချင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတစ်ယောက်တည်းမှတစ်ပါး အဘယ်သူကိုမျှ မမြင်ကြ။
ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။-
ထိုအသံတော်ဖြစ်သည် ခဏချင်းတွင်၊ ယေရှုသည် တစ်ယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့သည် မိမိတို့မြင်သောအရာကို ဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှ မကြားမပြောဘဲနေကြ၏။