သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။-
ရှင်မာကု 7:32 - မြန်မာ ထိုအခါ နားပင်း၍ စကားအသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့၍၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ၏။- Common Language Bible လူအချို့တို့သည်ဆွံ့အနားပင်းသူတစ်ယောက် ကိုအထံတော်သို့ဆောင်ခဲ့ကြ၏။ ``သူ၏အပေါ် တွင်လက်တော်ကိုတင်တော်မူပါ'' ဟုလျှောက်ထား တောင်းပန်ကြ၏။- Garrad Bible နား ပင်း၍ နှုတ် ဆွံ့ သူ တစ် ယောက် ကို ခေါ် ခဲ့ ကြ ပြီး လျှင် လက် တော် တင် ရန် တောင်း လျှောက် ကြ ရာ၊ Judson Bible ထိုအခါ နားပင်း၍ စကားအသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့၍၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူတို့သည် နားမကြား၍ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာပြီး သူ့အပေါ် လက်တော်တင်ပေးပါရန် ကိုယ်တော်အား တောင်းပန်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လူတို့သည် ဆွံ့အနားမကြားသောသူတစ်ဦးကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ သူတို့က “ဤသူ ကျန်းမာလာရန်အတွက် သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု တောင်းပန်ကြ၏။ |
သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။-
ထိုခဏချင်းတွင် သူသည် နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။-
တစ်ရံရောအခါ စကားအသောနတ်ဆိုးကို နှင်ထုတ်တော်မူ၍၊ နတ်ဆိုးထွက်သည်နောက် အသောသူသည် စကားပြော၏။ အစုအဝေးတို့သည်လည်း အံ့ဩကြ၏။-