ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။-
ရှင်မာကု 6:37 - မြန်မာ ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု ပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည် သွား၍ ဒေနာရိအပြားနှစ်ရာနှင့် မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဖို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။- Common Language Bible ကိုယ်တော်က ``သင်တို့ပင်လျှင် သူတို့အားစား စရာတစ်စုံတစ်ခုကိုကျွေးကြလော့'' ဟုမိန့် တော်မူ၏။ ထိုအခါတပည့်တော်တို့က ``အကျွန်ုပ်တို့သည် ငွေဒင်္ဂါးနှစ်ရာဖိုးမျှအစားအစာဝယ်၍ ဤ သူတို့အားကျွေးရပါမည်လော'' ဟုလျှောက် ထားကြ၏။- Garrad Bible ကိုယ် တော် က စား ရန် သင် တို့ ပေး ကြ ဟု ပြန်၍ မိန့် တော် မူ သော် တ ပည့် တော် တို့ က ငွေ နှစ် ရာ ဖိုး သွား ရောက် ဝယ် ယူ၍ စား ရန် ပေး ရ မည် လော ဟု ပြန် လျှောက် ကြ ရာ၊ Judson Bible ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု ပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည် သွား၍ ဒေနာရိအပြားနှစ်ရာနှင့် မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဖို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်က“သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု ပြန်၍မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဒေနာရိနှစ်ရာဖြင့် မုန့်များသွားဝယ်၍ သူတို့စားရန် ပေးရပါမည်လော”ဟု ပြန်လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်ယေရှုက “ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့က “အကျွန်ုပ်တို့သည် သွား၍ ငွေဒင်္ဂါးပြားနှစ်ရာဖြင့် မုန့်ကိုဝယ်ကာ သူတို့အား ကျွေးရပါမည်လော” ဟု ဖြေဆိုကြ၏။ |
ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။-
ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတစ်ရာ ကြွေးတင်သော ကျွန်ချင်းတစ်ယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။-
လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့ သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါ။ သူတို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊-
ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံးရှိသနည်း။ သွား၍ ကြည့်ရှုကြဟု မိန့်တော်မူသည်အတိုင်း သူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန်၏။-
ယေရှုက၊ ဥစ္စာရှင်တစ်ဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တစ်ယောက်၌ကား ဒေနာရိအပြားငါးရာ၊ တစ်ယောက်၌ကား ငါးဆယ်ကြွေးရှိ၏။-
ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဤလူအပေါင်းတို့ စားစရာဖို့မဝယ်လျှင်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌ မရှိပါဟုလျှောက်ကြ၏။-