ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
ရှင်မာကု 6:2 - မြန်မာ ဥပုသ်နေ့ရောက်လျှင် တရားဇရပ်၌ ဆုံးမဩဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ ပြနိုင်သနည်း။- Common Language Bible ဥပုသ်နေ့၌ကိုယ်တော်သည်တရားဇရပ်တွင် ဟောပြောသွန်သင်တော်မူ၏။ ကိုယ်တော်၏သွန် သင်ချက်ကိုကြားသောအခါ -လူအပေါင်းတို့ သည်အံ့သြကြ၏။ ``ဤသူသည်ဤပညာကို အဘယ်မှာရရှိသနည်း။ သူရရှိသည့်ပညာ ကားအဘယ်ပညာနည်း။ ဤနိမိတ်လက္ခဏာများ ကိုအဘယ်သို့ပြနိုင်သနည်း။- Garrad Bible ဥ ပုသ် နေ့ ကျ ရောက် သည့် ကာ လ ဓ မ္မာ ရုံ တွင် ဒေ သ နာ ပေး တော် မူ ရာ ကြား နာ သူ အ များ အံ့ သြ ကြ လျက် ဤ သူ သည် ထို အ ရာ များ ကို မည် သို့ ရ သ နည်း။ သူ ရ သော ဉာဏ် ပ ညာ နှင့် လက် ဖြင့် ပြု သော အ မှု ကြီး များ မှာ မည် သို့ နည်း။ Judson Bible ဥပုသ်နေ့ရောက်လျှင် တရားဇရပ်၌ ဆုံးမဩဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ ပြနိုင်သနည်း။- မြန်မာ့စံမီသမ္မာကျမ်း ဥပုသ်နေ့ရောက်သောအခါ ဝတ်ပြုစည်းဝေးကျောင်း၌ သွန်သင်တော်မူရာ ကြားနာသူများစွာတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤအရာများကို အဘယ်ကရသနည်း။ ဤသူရသည့်ဉာဏ်ပညာနှင့် သူ့လက်ဖြင့်ပြုသော တန်ခိုးလက္ခဏာများကား မည်သို့နည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥပုသ်နေ့ရောက်သော် ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူ၏။ ကြားနာသောသူများစွာတို့သည် အံ့အားသင့်ကြ၏။ ထိုသူတို့က “သူသည် ဤအရာများကို အဘယ်ကရသနည်း။ သူရရှိသောပညာသည် မည်သည့်ပညာဖြစ်သနည်း။ သူပြသသောအံ့ဖွယ်အမှုများကို မည်သည့်တန်ခိုးဖြင့် ပြုသနည်း။ |
ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။-
ဂါလိလဲပြည်အရပ်ရပ် တရားဇရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက် နေတော်မူ၏။
ထိုအရပ်မှ ကိုယ်တော်သည် ထ၍ ယော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမဩဝါဒပေးတော်မူ၏။-
သူ၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း အံ့ဩကြ၏။-
ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည် မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။-
ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟု ဆိုကြ၏။-