ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
ရှင်မာကု 4:20 - မြန်မာ ကောင်းသောမြေ၌ ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။ Common Language Bible အချို့သောသူများမူကားမြေကောင်းမြေသန့် တွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရား တော်ကိုကြား၍ခံယူကြသည်ဖြစ်ရာအဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာသီး နှံများကိုဆောင်ကုန်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ကောင်း သော မြေ တွင် ကြဲ ထား သူ တို့ မူ ကား တ ရား တော် ကို ကြား နာ ခံ ယူ လျက် အ ဆ သုံး ဆယ်၊ အ ဆ ခြောက် ဆယ်၊ အ ဆ တစ် ရာ အ သီး သီး သော သူ များ ဖြစ် သည် ဟု မိန့် တော် မူ ၏။ Judson Bible ကောင်းသောမြေ၌ ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ လက်ခံသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးသောသူတို့ကိုဆိုလို၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားသူတို့မှာမူ ကောင်းသောမြေ၌ ကျသည့်မျိုးစေ့နှင့်တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ခံယူသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟု မိန့်တော်မူ၏။ |
ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။-
အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။-
ကောင်းသောမြေ၌ ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာ အသီးသီးသောသူကို ဆိုလိုသတည်း။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။-