တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကိုဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင်၊-
ရှင်မာကု 4:2 - မြန်မာ ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊- Common Language Bible ကိုယ်တော်ကပုံဥပမာဆောင်၍များစွာသော အကြောင်းအရာများကိုသွန်သင်တော်မူ၏။- Garrad Bible အ ကြောင်း အ ရာ များ ကို ဥ ပ မာ ဖြင့် သွန် သင်၍ မိန့် တော် မူ သည် မှာ၊ Judson Bible ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် များစွာသောအကြောင်းအရာတို့ကို ပုံဥပမာတို့ဖြင့် သူတို့အား သွန်သင်တော်မူ၏။ ထိုသို့သွန်သင်ရာတွင် ကိုယ်တော်က ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် သွန်သင်တော်မူ၏။ ထိုသို့ သွန်သင်ရာတွင် ကိုယ်တော်က |
တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကိုဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင်၊-
ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။-
ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။-
ထိုအရပ်မှ ကိုယ်တော်သည် ထ၍ ယော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမဩဝါဒပေးတော်မူ၏။-
ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍၊ အခြားသောပြည်သို့ သွားလေ၏။-
ထိုသို့ ဆုံးမဩဝါဒပေးစဉ်တွင် တစ်ဖန် မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊-
ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။-
ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။-
နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။-
ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကိုလည်းကောင်း၊ ဒေသနာတော်ကိုလည်းကောင်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။-