သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကိုလည်းကောင်း၊ ကြီးသော ပန်းပွားတို့ကိုလည်းကောင်း ဝတ်လေ့ရှိကြ၏။-
ရှင်မာကု 2:18 - မြန်မာ အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- Common Language Bible တစ်နေ့၌ယောဟန်၏တပည့်များနှင့်ဖာရိရှဲတို့ သည်အစာရှောင်လျက်နေကြ၏။ လူအချို့တို့သည် ကိုယ်တော့်ထံလာ၍ ``ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည်အစာရှောင်ကြပါသည်။ အရှင် ၏တပည့်များမူကားအဘယ်ကြောင့်အစာ မရှောင်ကြပါသနည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible ယော ဟန်၏ တ ပည့် တို့ နှင့် ဖာ ရိ ရှဲ တို့ အ စာ ရှောင် နေ ကြ သည် ဖြစ်၍ ယော ဟန့် တ ပည့် တို့ နှင့် ဖာ ရိ ရှဲ တ ပည့် တို့ သည် အ စာ ရှောင် လျက် ကိုယ် တော်၏ တ ပည့် တို့ မူ ကား အ ဘယ် ကြောင့် အ စာ မ ရှောင် ကြ ပါ သ နည်း ဟု ချဉ်း ကပ် မေး လျှောက် ကြ သော်၊ Judson Bible အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်လျက်နေကြ၏။ လူတို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်နေကြသော်လည်း ကိုယ်တော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့သောအခါ နှစ်ခြင်းဆရာယောဟန်၏ တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်နေကြ၏။ ထိုစဉ် လူတချို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်သကဲ့သို့ ကိုယ်တော်၏တပည့်များမှာ အဘယ်ကြောင့် အစာမရှောင်ဘဲနေကြသနည်း” ဟု မေးလျှောက်ကြ၏။ |
သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကိုလည်းကောင်း၊ ကြီးသော ပန်းပွားတို့ကိုလည်းကောင်း ဝတ်လေ့ရှိကြ၏။-
သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။-
သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။-
ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။-
အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ လှူပါ၏ဟူ၍ ဆုတောင်းပတ္ထနာပြု၏။-