Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 2:17 - မြန်မာ

17 ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့​ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ယင်း​သို့​မေး​မြန်း​သည်​ကို သ​ခင်​ယေ​ရှု​ကြား​တော် မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား နာ​သူ​သာ​လျှင်​လို​၏။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သည်​မ​ဟုတ်။ အ​ပြစ် ကူး​သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သ​တည်း'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ယေ ရှု သည် ကြား တော် မူ သော် ကျန်း မာ သော သူ တို့၌ ဆေး သ မား မ လို၊ နာ သော သူ တို့၌ သာ လို၏။ ငါ ကား ဖြောင့် မတ် သူ တို့ ကို ခေါ် ရန် မ ဟုတ်၊ အ ပြစ် သား တို့ ကို ခေါ် ရန် ရောက် လာ သည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့​ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထိုသို့ မေးကြသည်​ကို ယေရှု​ကြားတော်မူ​လျှင် “ကျန်းမာသော​သူတို့​သည် ဆရာဝန်​ကို မလိုအပ်ပါ။ ဖျားနာသော​သူတို့​သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သော​သူတို့​ကို နောင်တရ​စေရန်​အတွက် ငါ​လာ​၍ ခေါ်သည်​မဟုတ်။ အပြစ်သားများ​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 2:17
21 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-


ထို​နည်း​တူ ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် နောင်​တ​ရ​သော လူ​ဆိုး​တစ်​ယောက်၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။


သား​အ​ကြီး​က​လည်း၊ အ​ကျွန်ုပ်​သည် ကာ​လ​တာ​ရှည်​စွာ အ​ဘ၏​အ​စေ​ကို ခံ​ပါ​ပြီ။ အ​ဘ၏​အ​လို​ကို တစ်​ခါ​မျှ မ​လွန်​ကျူး​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​သည် အ​ဆွေ​တို့​နှင့်​အ​တူ​ပျော်​မွေ့​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ၊ အ​ဘ​သည် ဆိတ်​က​လေး​တစ်​ကောင်​ကို တစ်​ခါ​မျှ မ​ပေး။-


ထို​နည်း​တူ ဖြောင့်​မတ်၍ နောင်​တ​ရ​စ​ရာ​အ​ကြောင်း မ​ရှိ​သော​သူ ကိုး​ဆယ်​ကိုး​ယောက်​တို့၌ ကောင်း​ကင်​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ နောင်​တ​ရ​သော​လူ​ဆိုး​တစ်​ယောက်၌ သာ၍​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​သည်​ဟု ငါ​ဆို၏။


ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-


လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။


ထို​သူ​တို့​က​လည်း၊ သင်​သည် မွေး​စ​က​ပင် တစ်​ကိုယ်​လုံး၌ ဒု​စ​ရိုက်​အ​ပြစ်​စွဲ​သော​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို ဆုံး​မ​ပါ​သည်​တ​ကား​ဟု ပြော​ဆို​ကြ​ပြီး​လျှင်၊ ထို​သူ​ကို တ​ရား​ဇ​ရပ်​မှ​နှင်​ထုတ်​ကြ၏။


အ​ထံ​တော်၌​ရှိ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​သည် မျက်​စိ​ကန်း​သ​လော​ဟု မေး​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ