ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိ ပါကြသတည်း။
ရှင်မာကု 16:9 - မြန်မာ ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- Common Language Bible [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။- Garrad Bible ကိုယ် တော် သည် ခု နစ် ရက် တွင် ပ ဌ မ နေ့ နံ နက် စော စော ရှင် ပြန် ထ မြောက် ပြီး မှ နတ် ခု နစ် ကောင် ကို နှင် ထုတ် တော် မူ ဖူး သော မာ ဂ ဒ လ မာ ရိ အား ဦး စွာ ထင် ရှား တော် မူ လျှင်၊ အ စား၊ တစ် နည်း၊ ပေ တ ရု နှင့် အ ပေါင်း အ ဖော် တို့ အား မိန့် တော် မူ ခဲ့ သ မျှ ကို အ ချုပ် အား ဖြင့် ပြန် ကြား ကြ ပြီး နောက် ယေ ရှု ကိုယ် တော် တိုင် သည် ထာ၀ ရ ကယ် တင် ခြင်း ဆိုင် ရာ သင်္ခါ ရ ကင်း၍ သန့် ရှင်း သော သ တင်း တော် ကို အ ရှေ့ စွန်း မှ အ နောက် စွန်း တိုင် အောင် တ ပည့် တော် တို့ အား ဖြင့် လွှင့် တော် မူ သ တည်း။ Judson Bible ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း [ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလမာရိကို ကိုယ်ထင်ပြတော်မူ၏။ ထိုမာရိမှာ ယေရှု နတ်ဆိုးခုနစ်ကောင် နှင်ထုတ်ပေးတော်မူခဲ့ဖူးသည့်သူဖြစ်၏။ |
ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိ ပါကြသတည်း။
မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှုကြ၏။
ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူတို့မျှ မပြောမဆိုကြ။
ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများ ဖြစ်သတည်း။-
တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့် ကင်းလွတ်စေတော်မူသော မိန်းမအချို့သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလဟုခေါ်ဝေါ်သော မာရိ၊-
ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။-