Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:2 - မြန်မာ

2 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။ နတ်​ဆိုး​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ​သော မိန်း​မ​အ​ချို့​သည်​လည်း လိုက်​ကြ၏။ ထို​မိန်း​မ​တို့​တွင် နတ်​ဆိုး​ခု​နစ်​ယောက် ထွက်​သော မာ​ဂ​ဒ​လ​ဟု​ခေါ်​ဝေါ်​သော မာ​ရိ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည်​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ အ​နာ​ရော​ဂါ​ဘေး၊ နတ်​မိစ္ဆာ​ဘေး​မှ​ကိုယ်​တော်​ကင်း​လွတ်​စေ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​တို့​လည်း​လိုက်​ပါ​လာ​ကြ​၏။ ထို​သူ​တို့​အ​နက်​နတ်​မိစ္ဆာ​ခု​နစ်​ဖော်​စွန့်​ခွာ​သွား သော​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 နတ် ဆိုး ခု နစ် ကောင် ထွက် ခွာ ဖူး သော မာ ဂ ဒ လ ခေါ် မာ ရိ၊ ဟေ ရုဒ် မင်း ဘ ဏ္ဍာ စိုး ဥ ဇာ၏ မ ယား ယော ဟ န္န၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။ နတ်​ဆိုး​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ​သော မိန်း​မ​အ​ချို့​သည်​လည်း လိုက်​ကြ၏။ ထို​မိန်း​မ​တို့​တွင် နတ်​ဆိုး​ခု​နစ်​ယောက် ထွက်​သော မာ​ဂ​ဒ​လ​ဟု​ခေါ်​ဝေါ်​သော မာ​ရိ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သူ​တို့​အပြင်​အနာရောဂါ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​ခွင့်​ရ​ခဲ့​သော အမျိုးသမီး​အချို့​ဖြစ်​ကြ​သည့် နတ်ဆိုး​ခုနစ်​ကောင်​ထွက်သွား​ခဲ့​သော မာဂဒလ​မြို့သူ​ဟု​ခေါ်​သည့်​မာရိ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 နတ်ဆိုးပူးခြင်း​ဘေး​နှင့် အနာရောဂါ​ဘေးတို့​မှ သက်သာ​ပျောက်ကင်းသွားသော အမျိုးသမီး​တချို့​သည်လည်း လိုက်ကြ၏။ ထို​အမျိုးသမီးများ​အနက် နတ်ဆိုး​ခုနစ်ကောင်​ထွက်သွားသော မာဂဒလမြို့သူ​ဟု ခေါ်သည့်​မာရိ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:2
11 ပူးပေါင်းရင်းမြစ်များ  

သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။


ဥ​ပုသ်​နေ့​လွန်​မှ မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​သည် သွား၍၊ အ​လောင်း​တော်​ကို လိမ်း​ခြင်း​ငှာ နံ့​သာ​မျိုး​ကို​ဝယ်​ပြီး​လျှင်၊-


ကိုယ်​တော်​သည် ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် စော​စော​အ​ချိန်၌ ထ​မြောက်​ပြီး​မှ၊ အ​ထက်​က နတ်​ဆိုး​ခု​နစ်​ယောက်​ကို နှင်​ထုတ်​တော်​မူ​သော မာ​ဂ​ဒ​လ​မာ​ရိ​အား ရှေ့​ဦး​စွာ ကိုယ်​ကို​ပြ​တော်​မူ၏။-


နောက်​တော်၌ လိုက်​သော​လူ​များ​အ​ပေါင်း​တို့​တွင်၊ ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​သော မိန်း​မ​အ​ချို့​ပါ၏။-


ဂါ​လိ​လဲ​ပြည်​မှ နောက်​တော်​သို့​လိုက်​လာ​သော မိန်း​မ​တို့​နှင့် ကိုယ်​တော်​ကို သိ​ကျွမ်း​သော​သူ အ​ပေါင်း​တို့​သည်​လည်း အ​ဝေး​က​ကြည့်​ရှု၍ ရပ်​နေ​ကြ၏။-


ဂါ​လိ​လဲ​ပြည်​က ကိုယ်​တော်​နှင့်​အ​တူ​လာ​သော မိန်း​မ​များ​သည် သင်္ချိုင်း​တော်​ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း အ​ကြည့်​အ​ရှု လိုက်​လာ​ကြ၏။-


ယေ​ရှု​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည်​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​လူ​ကို နတ်​ဆိုး​အ​များ စွဲ​သော​ကြောင့် အ​ကျွန်ုပ်​အ​မည်​ကား လေ​ဂေါင်​ဖြစ်​ပါ​သည်​ဟု လျှောက်​ပြီး​မှ၊-


ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ