ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်းတော်ကို ပေးစေခြင်းငှာ အမိန့်တော်ရှိသော်၊-
ရှင်မာကု 15:45 - မြန်မာ သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အား အပ်ပေး၏။- Common Language Bible သူသည်တပ်မှူး၏အစီရင်ခံချက်ကိုကြား ရပြီးနောက် ယောသပ်အားအလောင်းတော်ကို ယူခွင့်ပြု၏။- Garrad Bible တပ် မှူး စ ကား ဖြင့် ကြား သိ သည့် ကာ လ အ လောင်း တော် ကို ယော သပ် အား ပေး လိုက်၏။ Judson Bible သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အား အပ်ပေး၏။- မြန်မာ့စံမီသမ္မာကျမ်း တပ်မှူးထံမှ ဟုတ်မှန်ကြောင်းသိရလျှင် အလောင်းတော်ကို ယောသပ်အားပေးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရောမတပ်မှူးထံမှ ဟုတ်မှန်ကြောင်းကို ကြားသိသောအခါ ပိလတ်မင်းသည် ယောသပ်အား အလောင်းတော်ကို ယူခွင့်ပြု၏။ |
ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်းတော်ကို ပေးစေခြင်းငှာ အမိန့်တော်ရှိသော်၊-
ထိုသို့ ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆို၏။-
ယေရှုသည် ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည်ကား ကြာပြီလောဟု မေး၏။-
ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။-
ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။-