နောက်ကျသောသူ အများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်။
ရှင်မာကု 15:43 - မြန်မာ အသရေရှိသော လွှတ်အရာရှိ၊ အရိမဿဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သောသူ ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။- Garrad Bible ဘု ရား သ ခင့် နိုင် ငံ တော် ကို စောင့် မျှော် သူ ကျက် သ ရေ ဆောင် လွှတ် တော် အ ရာ ရှိ အ ရိ မ သဲ မြို့ သား ယော သပ် သည် လာ၍ ပိလတ် မင်း ထံ တိုး ဝင် ပြီး လျှင် ယေ ရှု၏ အ လောင်း တော် ကို တောင်း ရာ၊ Judson Bible အသရေရှိသော လွှတ်အရာရှိ၊ အရိမဿဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သောသူ ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂုဏ်သရေကြီးမြင့်သော လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်သော အရိမသဲမြို့သားယောသပ်သည်ရောက်လာ၍ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်ကာ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂုဏ်သရေရှိသောတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသော အရိမဿဲမြို့သား ယောသပ်သည် ပိလတ်မင်းထံသို့ ရဲရင့်စွာ သွား၍ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။ |
နောက်ကျသောသူ အများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်။
ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူ နည်းသည်ဟု မိန့်တော်မူ၏။-
ညအချိန်ရောက်မှ အရိမဿဲမြို့သား ယောသပ်အမည်ရှိသော သူဌေးသည် ယေရှု၏တပည့်တော်ဖြစ်သည်နှင့်၊-
ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။-
ယေရှုသည် ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည်ကား ကြာပြီလောဟု မေး၏။-
ထိုအခါ ရှုမောင်အမည်ရှိသော သူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊-
သူသည်လည်း ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတစ်ယောက်သည်၊ အခြားသော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊-
ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊-
ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။-