လမ်းမှာကြွတော်မူစဉ်တွင် လူတစ်ယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊-
ရှင်မာကု 14:14 - မြန်မာ သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို စားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- Common Language Bible ထိုသူ၏နောက်သို့လိုက်သွားကြလော့။ သူဝင်သော အိမ်မှအိမ်ရှင်အား ``ဆရာတော်နှင့်တပည့်များ ပသခါပွဲညစာကိုစားရန်အခန်းကားအဘယ် မှာနည်း'' ဟုဆရာတော်ကမေးကြောင်းပြော ကြလော့။- Garrad Bible လိုက် သွား ၍ ဝင် ရာ အိမ့် ရှင် အား ဆ ရာ က တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို ငါ သုံး ဆောင် ရ မည့် ဧည့် ခန်း အ ဘယ် မှာ နည်း ဟူ၍ မေး လိုက် ကြောင်း ကြား ပြော ကြ လော့။ Judson Bible သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို စားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သူဝင်သွားသောအိမ်၏အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကိုစားမည့် ငါ့အခန်းသည် အဘယ်မှာရှိသနည်းဟု မေးလိုက်ပါ၏’ဟူ၍ ပြောကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အိမ်ရှင်အား ‘ဆရာတော်က “ငါ၏ တပည့်တို့နှင့်အတူ ပသခါပွဲတော်ညစာကို စားရမည့် ဧည့်ခန်းသည် မည်သည့်နေရာတွင်ရှိသနည်း” ဟု သင့်အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။ |
လမ်းမှာကြွတော်မူစဉ်တွင် လူတစ်ယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊-
သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။-
ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊-
ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဖို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။-
ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။-
ထိုသို့လျှောက်ပြီးမှ မာသသည်သွား၍ မိမိညီမ မာရိအား၊ အရှင်ဘုရား ရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။-
သင်တို့သည် ငါ့ကို အရှင်ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။-