ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။-
ရှင်မာကု 12:5 - မြန်မာ အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့တို့ကို ရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။- Common Language Bible ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကို စေလွှတ်ပြန်သော် ခြံသမားတို့သည်သူ့ကို သတ်ကြ၏။ အခြားများစွာသောကျွန်တို့ကို လည်း ဤနည်းတူပင်ရိုက်သူကိုရိုက်၊ သတ်သူ ကိုသတ်ကြ၏။- Garrad Bible အ ခြား တစ် ယောက် ကို စေ လွှတ် ပြန် ရာ သတ် ဖြတ် ကြ ၏။ ၎င်း ပြင် ကျွန် အ များ ကို ထပ် မံ စေ လွှတ် သော် အ ချို့ ကို ရိုက် နှက်၊ အချို့ ကို သတ် ဖြတ် ကြ ၏။ Judson Bible အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့တို့ကို ရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အခြားတစ်ဦးကို စေလွှတ်ပြန်လျှင် သူ့ကိုသတ်ပစ်ကြ၏။ အခြားသောသူများစွာတို့ကိုစေလွှတ်သော်လည်း အချို့တို့ကိုရိုက်နှက်၍ အချို့တို့ကိုသတ်ပစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် စပျစ်ခြံပိုင်ရှင်သည် အခြားအစေခံတစ်ဦးကို စေလွှတ်ပြန်လျှင် စပျစ်ခြံလုပ်သားများက ထိုသူကို သတ်ပစ်ကြ၏။ အခြားသောအစေခံများကို စေလွှတ်သော်လည်း ထိုနည်းတူ တချို့ကို ရိုက်နှက်၍ တချို့ကို သတ်ပစ်ကြ၏။ |
ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။-
အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။-
ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။-
နောက်တစ်ဖန် အခြားသော ငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။-
ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတစ်ယောက်တည်း ရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟု ဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။-
ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ သူ၏အကြောင်းကို ကျမ်းစာ၌ရေးထားသည်အတိုင်း လူများသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ၏။
ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘော ရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။