အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။-
ရှင်မာကု 10:46 - မြန်မာ ယေရိခေါမြို့သို့ ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွာသော လူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- Common Language Bible ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရိခေါ မြို့သို့ရောက်ကြပြီးနောက် လူပရိသတ်ကြီး နှင့်အတူထိုမြို့မှထွက်ခွာကြ၏။ ယင်းသို့ ထွက်ခွာချိန်၌တိမဲ၏သားဗာတိမဲဆိုသူ မျက်မမြင်သူတောင်းစားတစ်ယောက်သည် လမ်းအနီးတွင်ထိုင်လျက်နေ၏။- Garrad Bible ယေ ရိ ခေါ မြို့ သို့ ဝင် ကြ ပြီး နောက် တ ပည့် တော် တို့ နှင့် ကြီး စွာ သော လူ ပ ရိ သတ် ပါ ထွက် ကြွ တော် မူ စဉ် လမ်း နံ ဘေး တွင် ထိုင် သော မျက် မ မြင် သူ တောင်း စား ဖြစ် သူ တိ မဲ ၏ သား ဗာ တိ မဲ သည်၊ Judson Bible ယေရိခေါမြို့သို့ ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွာသော လူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ဂျေရိခေါမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ များစွာသောလူထုပရိသတ်ပါလျက် ဂျေရိခေါမြို့မှထွက်ခွာတော်မူစဉ် တိမဲ၏သား ဗာတိမဲအမည်ရှိသော မျက်မမြင် သူတောင်းစားတစ်ဦးသည် လမ်းဘေးတွင်ထိုင်လျက်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုနှင့် တပည့်တော်တို့သည် ဂျေရိခေါမြို့သို့ ရောက်ကြ၏။ ထိုမြို့မှ ထွက်ခွာတော်မူစဉ် လူအုပ်ကြီးသည် နောက်တော်သို့ လိုက်ကြ၏။ တိမဲ၏ သား ဗာတိမဲအမည်ရှိသောမျက်မမြင် သူတောင်းစားတစ်ယောက်သည် လမ်းဘေးတွင် ထိုင်နေ၏။ |
အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။-
တစ်နေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။-
ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။-
သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဖူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူ မဟုတ်လောဟု ဆိုကြ၏။-