ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။-
ရှင်မာကု 1:9 - မြန်မာ ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှ ကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။- Common Language Bible ထိုနောက်များမကြာမီသခင်ယေရှုသည် ဂါလိလဲ ပြည်နာဇရက်မြို့မှကြွလာတော်မူ၍ ယော်ဒန်မြစ် တွင်ယောဟန်ထံမှဗတ္တိဇံမင်္ဂလာကိုခံတော်မူသည်။- Garrad Bible ထို ကာ လ ယေ ရှု သည် ဂါ လိ လဲ နယ်၊ နာ ဇ ရက် မြို့ မှ ကြွ လာ၍ ယော် ဒန် မြစ်၌ ယော ဟန့် လက် ဖြင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး လျှင် ပြီး ချင်း၊ Judson Bible ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှ ကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်ကာလ၌ ယေရှုသည် ဂါလိလဲနယ်၊ နာဇရက်မြို့မှကြွလာ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ ဗတ္တိဇံခံတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်ကာလတွင် ယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာတော်မူ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာခံယူတော်မူ၏။ |
ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။-
ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊-
ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။
ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နားထောင်လျက် နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။-