သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။-
မဿဲ 7:1 - မြန်မာ သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။- Common Language Bible ``သူတစ်ပါးအားမစစ်ကြောမစီရင်ကြနှင့်။ သို့ မှသာဘုရားသခင်သည်သင်တို့ကိုစစ်ကြော စီရင်တော်မူမည်မဟုတ်။- Garrad Bible စီ ရင် ခြင်း ကို မ ခံ ရ စေ ခြင်း ငှာ မ စီ ရင် ကြ နှင့်။ Judson Bible သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် စီရင်ခြင်းမခံရမည့်အကြောင်း သူတစ်ပါးကို မစီရင်ကြနှင့်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတစ်ပါးတို့အား အပြစ်မစီရင်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း အပြစ်စီရင်ခံရခြင်းမှ လွတ်လိမ့်မည်။ |
သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။-
လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။-
သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။-
ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။-
ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊-