မဿဲ 26:2 - မြန်မာ နှစ်ရက်လွန်မှ ပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက်သတ်စေခြင်းငှာ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။- Common Language Bible ``နောက်နှစ်ရက်မျှကြာလျှင်ပသခါပွဲကျရောက် မည်ကိုသင်တို့သိကြ၏။ ထိုအခါလူသားကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေရန်ရန်သူ့ လက်သို့အပ်ကြလိမ့်မည်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။ Garrad Bible ပ သ ခါ ပွဲ တိုင် မည် ကို သင် တို့ သိ ကြ၏။ ထို ကာ လ လူ့ သား သည် ကား တင် ရန် ပို့ အပ် ခံ ရ မည် ဟု မိန့် တော် မူ ၏။ Judson Bible နှစ်ရက်လွန်မှ ပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက်သတ်စေခြင်းငှာ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း “ပသခါပွဲတော်ကျရောက်ရန် နှစ်ရက်သာလိုတော့သည်ကို သင်တို့သိကြ၏။ ထိုအခါ လူ့သားကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင်တို့ သိနှင့်ပြီးဖြစ်သည့်အတိုင်း နှစ်ရက်ကြာလျှင် ပသခါပွဲတော်ကျရောက်မည်။ ထိုအခါ လူသားကို လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရန်သူ့လက်သို့ အပ်နှံကြလိမ့်မည်” ဟု မိန့်တော်မူ၏။ |
ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန် နီးပြီ။
အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊-
ငါသည် အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှာ အလွန်အလိုရှိလေပြီ။-
ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။-
ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။-
ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊-
ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကားတော် ပြည့်စုံမည်အကြောင်းတည်း။