Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 17:22 - မြန်မာ

22 ဂါ​လိ​လဲ​ပြည်၌ နေ​ကြ​စဉ်​တွင် ယေ​ရှု​က၊ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် နီး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​လိ​လဲ​ပြည် တွင်​လှည့်​လည်​နေ​ကြ​စဉ်​သ​ခင်​ယေ​ရှု​က ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ဂါ လိ လဲ နယ် တွင် စု ရုံး သော တ ပည် တော် တို့ အား ယေ ရှု က လူ့ သား သည် လူ တို့ လက် သို့ ပို့ အပ် ခံ ရ၍ အ သေ သတ် ခြင်း ခံ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ဂါ​လိ​လဲ​ပြည်၌ နေ​ကြ​စဉ်​တွင် ယေ​ရှု​က၊ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် နီး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သူ​တို့​သည် ဂါလိလဲ​နယ်​၌​စုရုံး​နေ​ကြ​စဉ် ယေရှု​က“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​တော့မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ယေရှု​နှင့် တပည့်တော်တို့​သည် ဂါလိလဲပြည်​တွင် အတူ​စုဝေးနေကြ​စဉ် ယေရှု​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 17:22
21 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-


ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။


ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ ရောက်​လာ​ပြီ။ လူ​များ​သည် သူ့​ကို​မ​သိ​သ​ဖြင့် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ။ ထို​နည်း​တူ လူ​သား​သည်​လည်း ထို​လူ​များ​လက်၌ ခံ​ရ​မည်​ဟု မိန့်​တော်​မူ​သော်၊-


သူ​တို့​သည် သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ သူ​တို့​သည်​လည်း အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​ကြ၏။


တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ယေ​ရှု​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင်၊ သင်​တို့ ယ​ခု​မြင်​သော ရူ​ပါ​ရုံ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။-


ထို​ကာ​လ၌ အ​များ​သော​သူ​တို့​သည် ဖောက်​ပြန်​ခြင်း​သို့​ရောက်၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် အပ်​ကြ​လိမ့်​မည်။-


ထို​အ​ခါ​မှ​စ၍ ကိုယ်​တော်​ကို​အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။


ထ​ကြ၊ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။


ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​စ​ပြု​တော်​မူ၏။-


ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။-


ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။-


ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။


လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ကို မြင်၍ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ