ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွား၍၊-
မဿဲ 10:4 - မြန်မာ ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။ Common Language Bible မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။ Garrad Bible အာ လ ဖဲ၏ သား ယာ ကုပ် နှင့် သ ဒ္ဒဲ၊ ဝံ သာ နု ရှိ မုန် နှင့် ကိုယ် တော် ကို ပို့ အပ် သော ယု ဒ ဣ ရှ ကာ ရုတ် တို့ တည်း။ Judson Bible ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။ |
ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွား၍၊-
အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။-
နှစ်ရက်လွန်မှ ပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက်သတ်စေခြင်းငှာ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။-
ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။-
ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊-
ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ၏။-
ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲများစေလွှတ်သောလူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကိုကိုင်လျက် ချက်ချင်းလာကြ၏။-
ထိုအခါ စာတန်သည် တပည့်တော် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ ဝင်သည်ဖြစ်၍၊-
ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှာ ချဉ်းကပ်လေ၏။-
ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊-
ထိုသို့မိန့်တော်မူသော်၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သားယုဒရှကာရုတ်ကို ဆိုလိုသတည်း။