ငါ၏ ချစ် ဆွေ၊ သင် သည် အ ဆင်း လှ ပေ၏။ အ လွန် လှ ပေ၏။ စ က္ခု လည်း ချိုး မျက် စိ နှင့် တူ ၏။
ရှောလမုန်သီချင်း။ 2:13 - Garrad Bible သ ဖန်း ပင် သည်၊ အ သီး စိမ်း ကို မှည့် ဝင်း စေ၍၊ စ ပျစ် ပင် လည်း ပွင့် လျက် မွှေး ကြိုင် ပြီ။ ငါ့ ချစ် ဆွေ အ လှ၊ ထ၍ လာ ခဲ့ ပါ။ Common Language Bible တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကား သံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏ မျက်နှာလည်း လှ၏။ Judson Bible သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက် မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။ မြန်မာ့စံမီသမ္မာကျမ်း သဖန်းပင်မှ သဖန်းသီးစိမ်းများလည်း မှည့်စပြုလာပြီ။ စပျစ်ပင်များလည်း အပွင့်ပွင့်၍ မွှေးကြိုင်လေပြီ။ လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။ |
ငါ၏ ချစ် ဆွေ၊ သင် သည် အ ဆင်း လှ ပေ၏။ အ လွန် လှ ပေ၏။ စ က္ခု လည်း ချိုး မျက် စိ နှင့် တူ ၏။
ငါ တို့၏ စ ပျစ် ဥ ယျာဉ် သည်၊ ပွင့် လျက် ရှိ သည် ဖြစ်၍၊ ထို စ ပျစ် ပင် များ ကို ဖျက် တတ် သော မြေ ခွေး များ နှင့် မြေ ခွေး ငယ် တို့ ကို ဖမ်း ဆီး ကြ လော့။
စ ပျစ် ပင် သန် မ သန်၊ သ လဲ ပင် ပွင့် မ ပွင့်၊ ရှု ကြည့် ရန် လည်း ကောင်း၊ ချိုင့် ဝှမ်း ရာ၌ အ ညှောက် အ စို့ ကို ရှု ကြည့် ရန် လည်း ကောင်း၊
စွန် ပ လွံ ပင် ကို တက်၍၊ အ ခက် အ လက် များ ကို ကိုင် မည် ဟု ငါ အောက် မေ့ သည့် အ လျောက်၊ ရင် သား များ သည် စ ပျစ် သီး ပြွတ် ကဲ့ သို့ လည်း ကောင်း၊ ရှူ ထုတ် သော လေ သည် သစ် သော့ သီး ရ နံ့ ကဲ့ သို့ လည်း ကောင်း၊
အ သို့ ဆို သော်၊ အ ဖူး ရင့်၍ အ ပွင့် မှ အောင် မာ သော စ ပျစ် သီး သီး ရာ၊ ဆွတ် ခူး ချိန် မ တိုင် မီ ထား ကောက် ဖြင့် အ ညွန့် များ ကို ရိတ် ပယ် လျက်၊ အ ခက် အ လက် များ ကို လည်း ခုတ် ချိုင် ရှင်း လင်း တော် မူ မည့် အ လျောက်၊
မြေ ကြီး သည် အ ညှောက် ပေါ် စေ သ ကဲ့ သို့ လည်း ကောင်း၊ ခြံ လည်း ကြဲ ရာ မျိုး ကို ပေါက် စေ သ ကဲ့ သို့ လည်း ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော လူ မျိုး တို့ မျက် မှောက် တွင်၊ အောင် မြင် ခြင်း နှင့် ချီး မွမ်း ခြင်း ကို ပေါက် စေ တော် မူ လိမ့် သ တည်း။
ကျီ ၌ မျိုး ရှိ သ လော။ စ ပျစ်၊ သ ဖန်း၊ သ လဲ၊ သံ လွင် ပင် များ သည် အ သီး မ သီး သ လော။ ယ နေ့ က စ ၍ ငါ သည် ကောင်း ကြီး မင်္ဂ လာ ပေး မည် ဟု မိန့် တော် မူ ကြောင်း ကို ပြန် ဆို လေ ၏။
သ ဖန်း ပင် ဆိုင် ရာ ဥ ပ မာ ကို သင် ကြား ကြ ဦး လော့။ အ ခက် အ လက် နု၍ အ ရွက် ထွက် သည့် ကာ လ နွေ ရာ သီ နီး ကြောင်း ကို သင် တို့ သိ ကြ သည့် နည်း တူ
အ ချင်း မြို့ တော်၊ ရန် ငြိမ်း ရာ ငြိမ်း ကြောင်း များ ကို ယ နေ့ ပင် သိ စေ လို လှ လေ ပြီ။
ထို ကြောင့် ငါ တို့ အား ဖြင့် ဘု ရား သ ခင် နှိုး ဆော် တော် မူ သည့် သ ဖွယ် ခ ရစ် တော်၏ သံ တ မန် တော် များ ဖြစ် သော ငါ တို့ က ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ခံ ကြ မည့် အ ကြောင်း ခ ရစ် တော့် အ တွက် တောင်း ပန် ကြ၏။