အံ့ ဖွယ် ရာ အ မှု တော် များ ကို အ ထိမ်း အ မှတ် ဖြစ် စေ လျက်၊ ထာ ဝ ရ ဘု ရား ၌ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော ရှိ တော် မူ ၏။
ရှောလမုန်သီချင်း။ 1:4 - Garrad Bible ကျွန် မ ကို နောက် တော် သို့ တွဲ ခေါ် တော် မူ ပါ။ ကျွန် မ ဖြစ် သူ တို့ လည်း ပြေး သွား ကြ ပါ မည်။ အ ရှင် မင်း သည် ကျွန် မ ကို တိုက် ခန်း သာ သို့ ဆောင် ခဲ့ တော် မူ ပြီ။ ကျွန် မ ဖြစ် သူ တို့ လည်း၊ ကိုယ် တော် ကြောင့် ဝမ်း မြောက် ရွှင် လန်း၍၊ မေ တ္တာ တော် ကို စ ပျစ် ရည် ထက် ချီး မွမ်း ကြ မည်။ က ညာ ရွယ် တို့ သည် အ ရှင် ကို ညီ ညွတ် စွာ ချစ် ခင် ကြ ပါ၏။ Common Language Bible အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။ Judson Bible ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့သည် နောက်တော်သို့ ပြေး၍လိုက်ကြပါမည်။ အရှင်မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည်ထက် သာ၍ချီးမွမ်းကြမည်။ သတို့သမီးကညာတို့သည် ကိုယ်တော်ကို မှန်ကန်စွာ ချစ်ကြပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို ဆွဲခေါ်သွားပါ။ အကျွန်ုပ်တို့ ပြေးကြပါစို့။ ရှင်ဘုရင်သည် အကျွန်ုပ်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပါ၏။” “အကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါ၏။ စပျစ်ဝိုင်ထက် အရှင့်မေတ္တာအကြောင်းကို ချီးမွမ်းကြပါမည်။ အရှင့်ကို အမှန်တကယ်ချစ်ကြပါ၏။” |
အံ့ ဖွယ် ရာ အ မှု တော် များ ကို အ ထိမ်း အ မှတ် ဖြစ် စေ လျက်၊ ထာ ဝ ရ ဘု ရား ၌ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော ရှိ တော် မူ ၏။
အ ကျွန်ုပ်၏ စိတ် စေ တ နာ ကို ကျယ် ဝန်း စေ တော် မူ သ ဖြင့်၊ ပ ညတ် တော် များ လမ်း အ တိုင်း အ မြန် လိုက် ပါ မည်။
ဣ သ ရေ လ လူ မျိုး သည် မိ မိ ကို ဖန် ဆင်း ပြု ပြင် တော် မူ သော အ ရှင် ၌ ဝမ်း မြောက် လျက်၊ ဇိ အုန် သား သ မီး တို့ သည် ကိုယ့် ဘုရင် ၌ ရွှင် လန်း ကြ စေ။
ဘု ရား သ ခင့် ဗိ မာန် တော် သို့ သွား ရာ ကြွေး ကြော် ခြင်း၊ ထော မ နာ ပြု ခြင်း အ သံ မြွက် ဆို လျက်၊ ဘု ရား ဖူး သူ လူ ပ ရိ သတ် ကို ငါ ဦး ဆောင် ခဲ့ ရ ကြောင်း သ တိ ရ၍၊ ငါ့ စိတ် ဝိ ညာဉ် ကြေ ကွဲ လျက် ရှိ၏။
အို ဘု ရား သ ခင်၊ မေ တ္တာ ကျေး ဇူး တော် ကို ဗိ မာန် တော် အ တွင်း၊ အ ကျွန်ုပ် တို့ ဆင် ခြင် ကြ ပါ ပြီ။
ဆီ ဥ ခြင် ဆီ သ ဖွယ် ကိုယ် တော် နှင့် သာ ရောင့် ရဲ၍၊ ရွှင် လန်း သော နှုတ် ခမ်း ဖြင့် ချီး မွမ်း ပါ မည်။
သူ တို့ နှင့် အ နည်း ငယ် လွန် မှ၊ နှစ် သက် မြတ် နိုး ရာ အ ရှင် ကို ကျွန် မ တွေ့ လျှင်၊ အ ရှင် ကို ဆွဲ ကိုင် လျက်၊ ကျွန် မ ကို သ န္ဓေ လွယ် သော မိ ခင်၏ တိုက် ခန်း သို့ မ ခေါ် မ သွင်း မှီ မ လွှတ် ချေ။
ငါ့ နှ မ၊ ငါ့ ကြင် ရာ။ သင်၏ မေ တ္တာ သည် တင့် တယ် ပေ၏။ သင်၏ မေ တ္တာ သည် စ ပျစ် ရည် ထက် ချို လှ ပေ၏။ လိမ်း ကျံ သော ဆီ လည်း နံ့ သာ အ မျိုး မျိုး ထက် မွှေး ကြိုင် လှ ပေ၏။
အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သေ ခြင်း တ ရား ကို အ စဉ် အ မြဲ ပယ် ဖျက် လျက်၊ လူ ရှိ သ မျှ တို့၏ မျက် နှာ မှ မျက် ရည် ကို သုတ်၍၊ လူ မျိုး တော် ခံ ရ သော ကဲ့ ရဲ့ ခြင်း ကို၊ မြေ တစ် ပြင် လုံး၌ ကင်း ရှင်း စေ တော် မူ လိမ့် မည်။ ထို သို့ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ တည်း။
ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ ကား၊ ထာ ဝ ရ ဘု ရား ကြောင့် အောင် မြင် ခွင့် ရ၍၊ ဂုဏ် ရောက် ကြ လိမ့် မည့် အ ကြောင်း၊ ဝန် ခံ လေ့ ရှိ လ တ္တံ့ ဟု မိန့် တော် မူ သ တည်း။
ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး မှ စ၍၊ ချီ မွမ်း ဖွယ် ကောင်း သော အ မှု တော် များ ကို လည်း ကောင်း၊ က ရု ဏာ နှင့် ကျေး ဇူး တော် မြောက် မြား သည့် အ လျောက်၊ ဣ သ ရေ လ အ မျိုး သား တို့ အား ပြု စု သော ကောင်း မြတ် တော် မူ ခြင်း ကို လည်း ကောင်း၊ ငါ တို့၌ ထာ ဝ ရ ဘုရား ပြု စု တော် မူ သ မျှ နှင့် လျော် စွာ၊ ငါ ချီး မွမ်း ပေ အံ့။
သင့် ကို ထာ ဝ ရ မေ တ္တာ နှင့် မြတ် နိုး သည့် အ လျောက်၊ မေ တ္တာ ကျေး ဇူး ဖြင့် ဆွဲ ခဲ့ ပြီ ဟု၊ မိန့် တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ဝေး ကွာ ရာ မှ အကျွန်ုပ် အား ထင် ရှား တော် မူ ကြောင်း၊ သင် ဝန် ခံ သည် နှင့် အ ညီ၊
ပု တ္တ ကြိုး၊ မေ တ္တာ အ နှောင် အ ဖွဲ့ များ ဖြင့် ငါ ဆွဲ ငင်၍၊ ထမ်း ပိုး ကြိုး ကို၊ ပါး ချိတ် မှ ချွတ် သူ့ ဘာ ဝ၊ ယု ယ တိုက် ကျွေး ခဲ့ လေ ပြီ။
အို သ တို့ သ မီး ဇိ အုန်၊ ကြွေး ကြော် လော့။ အို ဣ သ ရေ လ လူ မျိုး၊ ကျူး ဧ လော့။ အို သ တို့ သ မီး ယေ ရု ရှ လင်၊ စိတ် ပါ ကိုယ် ရောက် အား ရ ရွှင် လန်း လော့။
အို သ တို့ သ မီး ဇိ အုန်၊ အား ရ ရွှင် လန်း လော့။ အို သ တို့ သ မီး ယေ ရု ရှ လင်၊ ကြွေး ကြော် လော့။ အောင် မြင် ကယ် တင် ရာ သက် ရောက် လျက်၊ စိတ် နှိမ့် ချ သော သင်၏ ဘု ရင် မင်း သည်၊ မြည်း မ၏ သား ငယ်၊ မြည်း ပေါ် တွင် စီး ကြွ သည် တ ကား။
ဆီ ဝယ် သွား ခိုက် မင်္ဂ လာ သ တို့ သား ရောက် လာ သ ဖြင့် အ သင့် ရှိ နေ သူ တို့ သည် မင်္ဂ လာ ဆောင် ပွဲ သို့ လိုက် ပါ ဝင် သွား ကြ ပြီး မှ တံ ခါး ပိတ် ထား လေ ၏။
စေ တ မန် တော် က မ ကြောက် ကြ နှင့်။ နား ထောင် ကြ လော့။ လူ မျိုး တော် လုံး ဆိုင် ရာ အ လွန် ရွှင် လန်း ဝမ်း မြောက် ဖွယ် သ တင်း ကို ငါ ကြား ပြော လာ ပြီ။
မုန့် ကို လည်း ယူ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး လျှင် ဖဲ့ တော် မူ လျက် ဤ ကား သင် တို့ အ ဖို့ စွန့် သော ငါ့ ကိုယ် ခ န္ဓာ တည်း။ ငါ့ ကို သ တိ ရ ခြင်း ငှာ ဤ သို့ ပြု ကြ လော့ ဟု မိန့် ဆို၍ တ ပည့် တော် တို့ အား ပေး တော် မူ ၏။
ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော် သွေးဆောင်တော်မမူခဲ့လျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်။ လာရောက်သူကို နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေမည်။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တော် ကို နိ ယာ မ ချစ် ခြင်း ရှိ သူ တို့ နှင့် အ တူ ကျေး ဇူး တော် တည် ရှိ စေ သ တည်း။
လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ မှာ ဘု ရား သ ခင့် ဝိ ညာဉ် တော် အား ဖြင့် ဝတ် ပြု ကိုး ကွယ် လျက် ပ ဝ တ္တိ၌ စိတ် မ ချ ဘဲ ခ ရစ် တော် ယေ ရှု၌ သာ ဂုဏ် တင် လျက် နေ သော ငါ တို့ ပင် တည်း။
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။
ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊