သ စ္စာ တည် ခဲ့ သော မြို့၊ ပြည့် စုံ စွာ တ ရား စောင့် သော မြို့ သည် ပြည် တန် ဆာ ဖြစ် လေ စွ။ ယ မန် ဖြောင့် မတ် ခြင်း တည် နေ သည် ဖြစ် လျက်၊ ယ ခု လူ သတ် တို့ နေ ကြ သည် တ ကား။။
မြည်တမ်းစကား 4:1 - Garrad Bible ရွှေ သည် အ ရည် မှိန် ခြင်း၊ သိင်္ဂ နိက် သည် အ ရည် ယုတ် ခြင်း၊ သန့် ရှင်း ရာ ဌာ န၏ ကျောက် မျက် များ သည်၊ လမ်း ဆုံ တိုင်း ၌ ကြဲ ပစ် ခြင်း၊ Common Language Bible ပြောင်လက်သည့်ရွှေတို့သည်မှေးမှိန်၍ သွားလေပြီ။ ဗိမာန်တော်ကျောက်တို့သည်လည်း လမ်းများပေါ်တွင်ပြန့်ကျဲလျက်နေ၏။ Judson Bible ရွှေသည် အလွန်သမ်းညိုသည်တကား။ အကောင်းဆုံးသော ရွှေသည် အလွန်ဖောက်ပြန်သည်တကား။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသောလမ်းဝတို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ရွှေသည် အရောင်မှိန်သွားပါပြီတကား။ ရွှေစင်သည် အရောင်ပြောင်းသွားပါပြီတကား။ သန့်ရှင်းရာဌာနမှ ကျောက်များသည်လည်း လမ်းဆုံလမ်းခွတို့၌ ပြန့်ကျဲနေပါပြီတကား။ |
သ စ္စာ တည် ခဲ့ သော မြို့၊ ပြည့် စုံ စွာ တ ရား စောင့် သော မြို့ သည် ပြည် တန် ဆာ ဖြစ် လေ စွ။ ယ မန် ဖြောင့် မတ် ခြင်း တည် နေ သည် ဖြစ် လျက်၊ ယ ခု လူ သတ် တို့ နေ ကြ သည် တ ကား။။
အို အ ရုဏ်၏ သား၊ မိုး သောက် ကြယ်၊ ကောင်း ကင် မှ ပစ် ချ ခံ ရ ပြီ တ ကား။ လူ မျိုး ခြား တို့ ကို နှိမ့် ချ ခဲ့ သော သင် သည်၊ မြေ ကြီး တိုင် ခုတ် လှဲ ခံ ရ ပြီ တ ကား။
ဗိ မာန် တော်၊ နန်း တော် မှ စ သော၊ ယေ ရု ရှ လင် မြို့ ရှိ တိုက် ကြီး၊ အိမ် ကြီး ဟူ သ မျှ ကို၊ မီး တိုက် လေ ၏။
လမ်း ဆုံ ရှိ သ မျှ တွင် မွတ် သိပ်၍ မြော နေ သော သူ ငယ် တို့ အ သက် ချမ်း သာ ရ စေ ခြင်း ငှာ၊ ညဉ့် ဦး ယံ တိုင်း၌ ထ၍ ဟစ် ခြင်း၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော် တွင် မေ တ္တာ ရေ သွန်း လောင်း ခြင်း၊ လက် အုပ် ချီ ခြင်း များ ကို ပြု လော့။
အ ချင်း လူ့ သား၊ ဣ သ ရေ လ တစ် မျိုး လုံး သည်၊ ရှေ့ တော် တွင် ချော် ဖြစ် လျက်၊ မိုက် လုံ ရှိ ကြေး၊ ဘင်၊ သံ၊ ခဲ တည်း ဟူ သော ငွေ ချော် ဖြစ် သည် တ ကား၊
သို့ ဖြစ်၍ ငါ သည်၊ ရှ မာ ရိ မြို့ ကို၊ တော ခြေ ရှိ မြို့ ပျက်၊ စ ပျစ် ခင်း သ ဖွယ် ဖြစ် စေ လျက်၊ အ ခြေ အ မြစ် ဟင်း လင်း ပေါ် အောင်၊ ကျောက် များ ကို ချိုင့် ထဲ သို့ ပစ် ချ မည့် အ လျောက်၊
ကိုယ် တော် က ဤ အ ရာ ခပ် သိမ်း ကို သင် တို့ မြင် ကြ သည် မ ဟုတ် လော။ ဤ နေ ရာ တွင် မ ဖြို ချ ဘဲ ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် တင် လျက် ကျန် ကြွင်း ရ မည် မ ဟုတ် ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။
ယေ ရှု က ဤ အ ဆောင် ကြီး များ ကို မြင် သ လော၊ မ ဖြို မ ချ ဘဲ ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် တင် လျက် ကျန် ကြွင်း ရ မည် မ ဟုတ် ဟု မိန့် တော် မူ ၏။