မုန်း ထား သော စ ကား များ ဖြင့် ဝန်း ဝိုင်း ခြင်း၊ အ ကြောင်း မဲ့ စစ် တိုက် ခြင်း ပြု ၍၊
မြည်တမ်းစကား 3:52 - Garrad Bible အ ကြောင်း မဲ့ ရန် ပြု သူ တို့ သည်၊ ငှက် သ ဖွယ် အ ကျွန်ုပ် ကို လိုက် ဖမ်း ပြီး လျှင်၊ Common Language Bible ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက် ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။ Judson Bible အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသော သူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကို လိုက်၍ရှာကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ရန်သူတို့သည် အကြောင်းမရှိဘဲ ငါ့ကို ငှက်ကဲ့သို့ လိုက်ဖမ်းကြပါ၏။ |
မုန်း ထား သော စ ကား များ ဖြင့် ဝန်း ဝိုင်း ခြင်း၊ အ ကြောင်း မဲ့ စစ် တိုက် ခြင်း ပြု ၍၊
ထာ ဝ ရ ဘု ရား၌ ခို လှုံ သူ၊ ငါ၏ အ သက် ဝိ ညာဉ် အား၊ တောင် ပေါ် သို့ ငှက် ကဲ့ သို့ ပျံ သွား လော့။
မှူး မတ် တို့ သည် အ ကြောင်း မဲ့ ညှဉ်း ပန်း ကြ သော် လည်း၊ နှုတ် က ပတ် တော် ကြောင့် သာ အ ကျွန်ုပ် စိတ် ချောက် ခြား လျက် နေ ပါ၏။
ငှက် သည် ငှက် ခတ် သ မား ညွှတ် ကွင်း ထဲ က လွှတ် သ ကဲ့ သို့၊ ငါ တို့ အ သက် လွှတ် ခဲ့ ရ ပြီ။ ညွှတ် ကွင်း ပြတ် ၍ ငါ တို့ လွတ် ခဲ့ ရ ပြီ။
မ တ ရား သ ဖြင့် ရန် ပြု သူ တို့ ကို၊ အ ကျွန်ုပ် အ ပေါ်၌ ရွှင် လန်း ခွင့်၊ အ ကြောင်း မဲ့ မုန်း ထား သူ တို့ ကို၊ မျက် ရိပ် ပြ ခွင့် မ ရ ပါ စေ နှင့်။
သူ တို့ သည် အ ကြောင်း မဲ့ ပိုက် ချ လျက်၊ အ ကြောင်း မဲ့ တွင်း တူး လျက်၊ အ ကျွန်ုပ် အ သက် အ န္တ ရာယ် ကို ရှာ ကြံ ကြ လေ ပြီ။
အ ကြောင်း မဲ့ မုန်း ထား သူ တို့ သည်၊ အ ကျွန်ုပ် ဆံ ပင် ထက် များ လှ ၍၊ အ မှတ် မဲ့ ပယ် ရှား မည့် ရန် ဘက် တို့ သည်၊ ခွန် အား ကြီး လျက်၊ အ ကျွန်ုပ် မ လု ယူ သော ပ စ္စည်း ကြောင့် လျော် စေ ကြ ပါ ၏။
ဇေ ဒ ကိ မင်း ထံ မေ တ္တာ ရပ် ခံ သည် မှာ၊ ကျွန်ုပ် ကို ထောင် ကျ စေ ခြင်း ငှာ ဘု ရင် မင်း မှ စ ၍ ကျေး ကျွန် သင်း ပင်း နှင့် ဤ လူ မျိုး အား မည် သို့ ပြစ် မှား မိ ပါ သ နည်း။
ထိုသို့မုန်းခြင်းကား အကြောင်းမဲ့ငါ့ကိုမုန်းထားကြပြီဟူ၍ သူတို့ပညတ္တိကျမ်း၌ ရေးသားချက်ပြည့်စုံစေခြင်းငှါတည်း။