မြည်တမ်းစကား 3:4 - Garrad Bible အ သား အ ရေ ကို ဆွေး မြေ့ ခြင်း၊ အ ရိုး များ ကို ချိုး ဖဲ့ ခြင်း ပြု လျက်၊ Common Language Bible ကိုယ်တော်သည်ငါ၏အသားကိုကွဲပြဲစေကာ အရိုးတို့ကိုချိုး၍ထားတော်မူပါ၏။ Judson Bible ငါ့အရေနှင့် အသားကို ဆွေးရိစေ၍ ငါ့အရိုးတို့ကိုလည်း ချိုးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ငါ၏အသားအရေကို ရွတ်တွစေတော်မူပြီ။ ငါ၏အရိုးတို့ကို ချိုးတော်မူပြီ။ |
အ ကျွန်ုပ် သည် သွန် လိုက် သော ရေ ကဲ့ သို့ ဖြစ် နေ ပါ၏။ အ ရိုး အ ဆစ် ရှိ သ မျှ လွဲ လျက်၊ နှ လုံး သည် ဖ ယောင်း ကဲ့ သို့ အ တွင်း၌ အ ရည် ပျော် လျက်၊ ခွန် အား သည် အိုး ခြမ်း ကဲ့ သို့ ခန်း ခြောက် လျက်၊
နှုတ် မ မြွက် ဘဲ နေ သော်၊ တစ် နေ့ လုံး ညည်း တွား ရ၍၊ အ ကျွန်ုပ် အ ရိုး များ ဆွေး မြေ့ ရ ပါ၏။
ချိုး တော် မူ သော အ ရိုး များ၌ ခြင် ဆီ စိမ့် ရ ခြင်း ငှာ၊ အား ရ ရွှင် လန်း ဖွယ် ရာ ကို ကြား စေ တော် မူ ပါ။
ငါ သည် နံ နက် တိုင် အောင် ဆိတ် ဆိတ် နေ ရာ၊ ခြင်္သေ့ သ ဖွယ် ငါ့ အ ရိုး ရှိ သ မျှ ကို ချိုး၍ အ ကျွန်ုပ် ကို နေ့ ချင်း ဆုံး စေ တော် မူ လိမ့် မည်။
ဣ သ ရေ လ လူ မျိုး သည်၊ ခြင်္သေ့ ချောက် နှင်၍ ကွဲ လွင့် သော သိုး အုပ် သ ဖွယ် ဖြစ်၏။ ဦး စွာ အာ ရှု ရိ ဘု ရင် ကိုက် စား လျက်၊ နောက် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း အ ရိုး ကိုက် ဝါး ဆဲ ရှိ သော ကြောင့်၊