အ ဆွေ ခင် ပွန်း ဖြစ်သော သင် တို့၊ ငါ့ အား သ နား ကြ ပါ။ ဘု ရား သ ခင် လက် တော် သည် ငါ့ ကို ထိ ခိုက် ပြီ ဖြစ်၍ သ နား ကြ ပါ။
မြည်တမ်းစကား 3:1 - Garrad Bible ငါ သည်၊ အ မျက် တော် လှံ တံ ကြောင့် ဒု က္ခ ခံ စား ရ သူ ဖြစ် လျက်၊ Common Language Bible ငါသည်ဘုရားသခင်၏အပြစ်ဒဏ်ခတ်ခြင်း ဆိုသည်မှာ ဘယ်သို့ဖြစ်သည်ကိုသိရသောသူဖြစ်ပါ၏။ Judson Bible ငါသည် ဘုရားသခင်၏အမျက်တော်ကြိမ်လုံးအောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကိုယ်တော်၏အမျက်တော်ကြိမ်လုံးကြောင့် ဖိစီးနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရသောသူဖြစ်ပါ၏။ |
အ ဆွေ ခင် ပွန်း ဖြစ်သော သင် တို့၊ ငါ့ အား သ နား ကြ ပါ။ ဘု ရား သ ခင် လက် တော် သည် ငါ့ ကို ထိ ခိုက် ပြီ ဖြစ်၍ သ နား ကြ ပါ။
နေ့ ရက် တာ သည်၊ အ ရိပ် ကဲ့ သို့ ရှည် လျား လျက်၊ အ ကျွန်ုပ် သည်၊ မြက် ပင် ကဲ့ သို့ ညှိုး နွမ်း လျက် ရှိ နေ ပါ ၏။
များ ပြား စွာ ပြင်း ထန် သော ဒု က္ခ ကို၊ အ ကျွန်ုပ် တို့ အား ပြ တော် မူ ခဲ့ သော ကိုယ် တော် သည်၊ အ သက် ရှင် ပြန် စေ လျက်၊ မ ရ ဏာ့ ချိုင့် ထဲ က တစ် ဖန် တက် စေ တော် မူ လိမ့် မည်။
မ ထီ မဲ့ မြင် ပြု ခြင်း၊ လူ တို့ စွန့် ပယ် ခြင်း ကို ခံ ရ လျက်၊ ရော ဂါ နှင့် ကျွမ်း ဝင်၍၊ ဝေ ဒ နာ ခံ စား ရ သူ ဖြစ် ၏။ မျက် နှာ လွှဲ ချင် ဖွယ် နှင့် အ မျှ မ ထီ လေး စား ခံ ရ သ ဖြင့်၊ ငါ တို့ ပ မာ ဏ မ ပြု ကြ။
ထို သူ တို့ သည် ယေ ရ မိ ကို ဆွဲ ငင်၍ နှောင် အိမ် မြို့ ရိုး ငယ် အ တွင်း ရှိ၊ မင်း သား မာ လ ခိ ၏ ရေ တွင်း ထဲ သို့ ကြိုး ဖြင့် လျှော့ ချ ကြ ၏။ ထို တွင်း ကား၊ ရေ မ ရှိ၊ ရွှံ့ နွံ သာ ရှိ သ ဖြင့် ယေ ရ မိ ကျွံ လျက် နေ လေ ၏။
ယောက်ျား၊ မိန်း မ၊ သူ ငယ်၊ မင်း သ မီး တို့ မှ စ ၍၊ ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ အ ပါး တွင်၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် ထား ခဲ့ သော လူ ဟူ သ မျှ ကို၊ ပ ရော ဖက် ယေ ရ မိ နှင့် နေ ရိ သား ဗာ ရုတ် တို့ ပါ၊ ခေါ် သွား လျက်၊
ငါ ၏ အ မျိုး သ တို့ သ မီး ကျိုး ပဲ့ ခံ ရ သည့် အ တွက်၊ ငါ လည်း စိတ် ကျိုး ပဲ့ လျက်၊ ညှိုး ငယ် လျက်၊ မိန်း မော လျက် နေ ရ ၏။