ဗိ မာန် တော်၊ နန်း တော် မှ စ သော ယေ ရု ရှ လင် မြို့ ရှိ တိုက် ကြီး၊ အိမ် ကြီး ဟူ သ မျှ ကို မီး တိုက် လေ ၏။
မြည်တမ်းစကား 2:7 - Garrad Bible အ ရှင် ဘု ရား သည်၊ ပူ ဇော် ရာ ပ လ္လင် တော် ကို စွန့် ပယ် လျက်၊ သန့် ရှင်း ရာ ဌာ န တော် ကို ရွံရှာ လျက်၊ ဗိ မာန် တော်၌ အောင် သံ ကို ပွဲ သ ဘင် သံ ကဲ့ သို့၊ ရန် သူ တို့ ပြု ရ သည့် တိုင် အောင်၊ ဘုံ ဗိ မာန် များ ကို၊ မ ဟာ ရံ ပါ၊ အပ် နှင်း တော် မူ လေ ပြီ။ Common Language Bible ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။ Judson Bible ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ်တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့အပ်တော်မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့သည် ထာဝရဘုရား၏ အိမ်တော်၌ အသံပြုကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်သည် ယဇ်ပလ္လင်ကိုစွန့်ပယ်တော်မူပြီ။ သန့်ရှင်းရာဌာနကို စက်ဆုပ်တော်မူပြီ။ နန်းတော်တံတိုင်းတို့ကိုလည်း ရန်သူ့လက်သို့ အပ်လိုက်တော်မူပြီ။ ရန်သူတို့သည် ပွဲတော်နေ့ကဲ့သို့ပင် ထာဝရဘုရား၏အိမ်တော်၌ ကြွေးကြော်ကြလေပြီ။ |
ဗိ မာန် တော်၊ နန်း တော် မှ စ သော ယေ ရု ရှ လင် မြို့ ရှိ တိုက် ကြီး၊ အိမ် ကြီး ဟူ သ မျှ ကို မီး တိုက် လေ ၏။
ဗာ ဗု လုန် မြို့ သို့ ပို့၍၊ ဗိ မာန် တော်၊ တိုက် အိမ် အ ဆောင် ဆောင် ကို မီး တိုက် လျက်၊ ဆိုင် ရာ အ ဖိုး ထိုက် တန် ဆာ များ ကို ဖျက် ဆီး လျက်၊ မြို့ ရိုး ကို လည်း ဖြို ဖျက် စေ ပြီး မှ၊
စွန့် ပစ် ငြင်း ပယ် ခြင်း၊ ကျွန် တော် ရင်း နှင့် ဖွဲ့ သော ပ ဋိ ညာဉ် ကို စက် ဆုပ်၍၊ သ ရ ဖူ ကို မြေ တိုင် အောင် ရှုတ် ချ ခြင်း၊
အို ထာ ဝ ရ ဘု ရား၊ ပြင်း စွာ အ မျက် ထား တော် မ မူ ပါ နှင့်။ ဒု စ ရိုက် ကို လည်း အ စဉ် မှတ် တော် မ မူ ပါ နှင့်။ အ ကျွန်ုပ် တို့ ရှိ သ မျှ၊ လူ မျိုး တော် ဖြစ် ကြောင်း ကို ထောက် ရှု တော် မူ ပါ။
ဟော ပြော လျက် နေ သော မော ရ ရှ ရွာ သား မိ က္ခာ က၊ ဇိ အုန် မြို့ သည် လယ် အ ဖြစ် ထွန် ခြင်း၊ ယေ ရု ရှ လင် မြို့ သည် ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဗိ မာန် ရှိ တောင် တော် လည်း တော ကုန်း ဖြစ် ခြင်း များ ကို ခံ ရ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ယု ဒ ပြည် သူ ပြည် သား တို့ အား ဆင့် ဆို ငြား သော် လည်း၊
ဤ ဗိ မာန် တော် ကို၊ ရှိ လော မြို့ ကဲ့ သို့ ဖြစ် စေ လျက်၊ ဤ မြို့ ကို လည်း၊ မြေ ပေါ် ရှိ လူ အ မျိုး မျိုး ရှေ့၊ ကျိန် ဆဲ ရာ ထား မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ထပ် မံ ဆင့် ဆို လော့ ဟူ ၍ တည်း။
တိုက် လျက် နေ သော ခါ လ ဒဲ တပ် သား တို့ ဝင် ရောက် ပြီး လျှင်၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော် ခြင်း၊ အ ခြား ဘု ရား များ အား သွန်း လောင်း ရာ သ က္ကာ တင် သ ခြင်း များ ကို၊ အ မျက် တော် တိုက် အောင် အ မိုး ပျဉ် တွင် ပြု ကြ ရာ တိုက် အိမ် များ မှ စ၍ တစ် မြို့ လုံး ကို၊ မီး ရှို့ ကျွမ်း လောင် စေ ကြ မည်။
ခါ လ ဒဲ တပ် သား တို့ လည်း နန်း တော် မှ စ သော မြို့ သူ မြို့ သား တို့၏ အိမ် များ ကို မီး တိုက်၍၊ ယေ ရု ရှ လင် မြို့ ရိုး ကို ဖြို ဖျက် ကြ ပြီး နောက်၊
ငါ ရှု မြင် ရ သေး လျက်၊ ခြံ ဥ ယျာဉ် သည်၊ တော ဖြစ်၍ မြို့ ရွာ ဟူ သ မျှ လည်း၊ ထာ ဝ ရ ဘု ရား၏ အ မျက် တော် ရှိန် ကြောင့်၊ မျက် မှောက် တော် တွင် ပြို ပျက် လျက် ရှိ သည် တ ကား။
အ သို့ ကြောင့် ဆို သော်၊ ထာ ဝ ရ ဘု ရား က၊ ကုန် ဆုံး ခြင်း ကို ငါ မ စီ ရင် သေး သော် လည်း၊ ပြည် လုံး ကျွတ် ဆိတ် ညံ ရာ ရောက် လိမ့် မည်။
ဗိ မာန် တော် အ တွက်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ လက် စား ချေ တော် မူ ခြင်း အ ကြောင်း၊ ဇိ အုန် မြို့၌ ကြော် ငြာ ကြ အံ့ သော ငှာ၊ ဗာ ဗု လုန် မြို့ မှ ထွက် ပြေး လွတ် မြောက် သူ တို့ ဟစ် သံ ကို ကြား ရ သည် တ ကား။
ဗိ မာန် တော်၊ နန်း တော် မှ စ သော၊ ယေ ရု ရှ လင် မြို့ ရှိ တိုက် ကြီး၊ အိမ် ကြီး ဟူ သ မျှ ကို၊ မီး တိုက် လေ ၏။
ပြု မြဲ ပွဲ သို့ လာ ရောက် သူ မ ရှိ သည့် အ တွက်၊ ဇိ အုန် မြို့ လမ်း များ သည် ခြောက် လျက်၊ တံ ခါး များ သည် ခေါင် လျက်၊ ပ ရော ဟိတ် တို့ သည် ညည်း တွား လျက်၊ အ ပျို တို့ သည် လွမ်း ဆွတ် လျက်၊ မြို့ တော် သည် နစ် နာ လျက် နေ ရှာ လေ၏။
အ ရှင် ဘု ရား သည်၊ သ တို့ သ မီး ဇိ အုန် ကို အ မျက် တော် တိမ် တိုက် ဖြင့် ဖုံး လွှမ်း တော် မူ လေ စွ။ အ မျက် တော် ထား ရာ နေ့ ရက်၌၊ ခြေ တော် တင် ရာ ကို သ တိ မ ရ ဘဲ၊ ဣ သ ရေ လ လူ မျိုး၏ တင့် တယ် ခြင်း ကို၊ မိုး မှ မြေ သို့ ပစ် ချ တော် မူ လေ ပြီ။
အ ရှင် ဘု ရား သည်၊ ဣ သ ရေ လ လူ မျိုး ကို၊ ရန် သူ သ ဖွယ် ဖျက် ဆီး တော် မူ ရာ၊ ရှိ သ မျှ သော ဘုံ ဗိ မာန် များ ကို ဖျက် ဆီး ခြင်း၊ ခံ တပ် များ ကို ဖြို လှဲ ခြင်း ပြု သ ဖြင့်၊ သ တို့ သ မီး ယု ဒ၌ များ စွာ ညည်း ညူ ညည်း တွား စေ တော် မူ ၏။
ငါ သည် အ ဆိုး ဆုံး သော လူ မျိုး ခြား တို့ ကို ခေါ် သည့် အ လျောက်၊ တိုက် အိမ် ကို အ ပိုင် ပေး၍၊ တန် ခိုး ကြီး သူ တို့၏ မာန် မာ န ကို ပြတ် စဲ စေ သ ဖြင့်၊ သန့် ရှင်း ရာ ဌာ န များ ပင် မ သန့် ရာ ရောက် လိမ့် မည်။
မြို့ များ ကို မြို့ ဆိုး ကုန်း၊ သန့် ရှင်း ရာ ဌာ န များ ကို ဖုန်း ဆိုး ကုန်း ဖြစ် စေ သည့် အ လျောက် စိတ် တော် ပြေ ဖွယ် ရ နံ့ ကို ငါ မ ခံ။
ထို မျှ လောက် ပြစ် မှား ကြ သော် လည်း သူ တို့ ဘု ရား သ ခင် ထာ ရ ဘု ရား ဖြစ် သော ကြောင့် ငါ သည် ပ ဋိ ညာဥ် တော် ကို ဖျက်၍ သူ တို့ ကို ကုန် ခမ်း စေ ခြင်း ငှါ၊ ရန် သူ တို့ ပြည် တွင် နေ သော သူ တို့ ကို စွန့် ပယ် ခြင်း ငှါ၊ ရန် သူ တို့ ပြည် တွင် နေ သော သူ တို့ ကို စွန့် ပယ် ခြင်း၊ စက် ဆုပ် ခြင်း မ ပြု ဘဲ၊
ယေ ရု ရှ လင် မြို့ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ယု ဒ ပြည် သို့ စေ လွှတ် မည် ဟု မိန့် တော် မူ ၏။
ထို ကြောင့်၊ သင် တို့ ပြစ် မှု အ တွက်၊ ဇိ အုန် မြို့ သည် လယ် အ ဖြစ် ထွန် ခြင်း၊ ယေ ရု ရှ လင် မြို့ သည် ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဗိ မာန် ရှိ တောင် တော် လည်း တော ကုန်း ဖြစ် ခြင်း များ ကို ခံ ရ မည် ဟူ၍ တည်း။
ကိုယ် တော် က ဤ အ ရာ ခပ် သိမ်း ကို သင် တို့ မြင် ကြ သည် မ ဟုတ် လော။ ဤ နေ ရာ တွင် မ ဖြို ချ ဘဲ ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် တင် လျက် ကျန် ကြွင်း ရ မည် မ ဟုတ် ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။