ကျမ်း စာ ကို ပိတ်၍ အ မှု ဆောင် အား ပေး လိုက် ပြီး နောက် ထိုင် တော် မူ ရာ ဓ မ္မာ ရုံ တွင် ရှိ သ မျှ သော သူ တို့ စိုက် ကြည့် ကြ စဉ်၊
တမန်တော်ဝတ္ထု 3:4 - Garrad Bible ထို အ ခါ ပေ တ ရု သည် ယော ဟန် နှင့် တ ကွ စိန်း စိန်း ကြည့် လျက် ငါ တို့ ကို ကြည့် လော့ ဟု ဆို ရာ၊ Common Language Bible ထိုသူနှစ်ယောက်သည်သူ့ကိုစေ့စေ့ကြည့် ကြ၏။ ထိုနောက်ပေတရုက``ငါတို့ကို ကြည့်လော့'' ဟုဆို၏။- Judson Bible ထိုအခါ ပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ပေတရုသည် ယောဟန်နှင့်အတူ သူ့ကိုစေ့စေ့ကြည့်လျက် “ငါတို့ကိုကြည့်ပါ”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုနှင့် ယောဟန်တို့သည် ထိုသူအား စိုက်ကြည့်ကြ၏။ ပေတရုက “ငါတို့ကို ကြည့်လော့” ဟု ပြော၏။ |
ကျမ်း စာ ကို ပိတ်၍ အ မှု ဆောင် အား ပေး လိုက် ပြီး နောက် ထိုင် တော် မူ ရာ ဓ မ္မာ ရုံ တွင် ရှိ သ မျှ သော သူ တို့ စိုက် ကြည့် ကြ စဉ်၊
ယေရှုက သင်ယုံလျှင် ဘုရားသခင့်ဘုန်းတော်ကိုမြင်ရလိမ့်မည် ငါဆိုခဲ့ပြီမဟုတ်လောဟု မိန့်တော်မူ၏။
ထိုသို့ပက်လက်နေသည်ကို ယေရှုမြင်တော်မူ၍ ကာလရှည်ကြာစွာနာကြောင်းသိသဖြင့် ကျန်းမာလိုသလောဟု မေ:တော်မူသော်၊
ထို စေ တ မန် တော် ကို အ လန့် တ ကြား စိုက် ကြည့် လျက် မည် သို့ ပါ နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော် စေ တ မန် တော် က သင့် ပ ဌ နာ မှု များ၊ စွန့် ကြဲ ပေး ကမ်း မှု များ သည် ဘု ရား သ ခင် မှတ် သား ရန် ရှေ့ တော် သို့ တက် ရောက် လေ ပြီ။
စိုက် ကြည့် ဆင် ခြင် သော် သား ရဲ မှ စ သော ခြေ လေး ချောင်း ရှိ မြေ သ တ္တ ဝါ၊ တွား တတ် သော သ တ္တ ဝါ နှင့် လေ သ တ္တ ဝါ များ ကို မြင်၏။
ပ ဌ နာ ပြု ရာ အ ချိန်၊ မွန်း လွဲ သုံး နာ ရီ တွင် ပေ တ ရု နှင့် ယော ဟန် သည် ဗိ မာန် တော် သို့ တက် ကြ စဉ်၊
ပေ တ ရု နှင့် ယော ဟန် တို့ ကို ထို သူ ဆွဲ ကိုင်၍ နေ စဉ် သူ တို့ ရှိ ရာ ရှော လ မုန် အ မည် တွင် သော မုတ် ဆောင် သို့ ပ ရိ သတ် လုံး အံ့ သြ လျက် ပြေး ဝင် စု ရုံး ကြ သည် ကို မြင် သော်၊
လူ ပ ရိ သတ် အား ပေ တ ရု က အ ချင်း ဣ သ ရေ လ အ မျိုး သား တို့၊ ဤ အ ရာ ကို အ ဘယ့် ကြောင့် အံ့ သြ ကြ သ နည်း။ ကိုယ့် တန် ခိုး ကိုယ့် သီ လ ဖြင့် ဤ သူ့ ကို လှမ်း သွား စေ သည် မှတ်၍ အ ဘယ် ကြောင့် ငါ တို့ ကို စိုက် ကြည့် လျက် နေ ကြ သ နည်း။
ထို သူ သည် ဗိ မာန် တော့် အ တွင်း ဝင် အံ့ ဆဲ ဖြစ် သော ပေ တ ရု နှင့် ယော ဟန် ကို မြင် သည့် ကာ လ အ စွန့် အ ကြဲ ခံ ရန် တောင်း လေ ၏။