ငါ ထာ ဝ ရ ဘု ရား မ တတ် နိုင် သော အ မှု တစ် စုံ တစ် ရာ ရှိ သ လော။ နောင် နှစ် ယ ခု အ ခါ သ မ ယ မိုး ဦး ကာ လ ရောက် လျှင် သင့် ထံ ငါ ပြန် လာ ဦး မည် ဖြစ်၍ စာ ရာ သည် သား ကို ရ လိမ့် မည် ဟု အာ ဗြ ဟံ အား ထာ၀ ရ ဘုရား မိန့် တော် မူ ၏။
တမန်တော်ဝတ္ထု 26:8 - Garrad Bible သူ သေ တို့ ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ကြောင်း ယုံ နိုင် ဖွယ် မ ဟုတ် ဟု အ ဘယ့် ကြောင့် ထင် မှတ် ကြ သ နည်း။ Common Language Bible သူသေတို့ကိုဘုရားသခင်ရှင်ပြန်ထ မြောက်စေတော်မူသည်ကို ဤတွင်ရှိနေသူ တို့အဘယ်ကြောင့်မယုံနိုင်ကြပါသနည်း။'' Judson Bible သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက်စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။ မြန်မာ့စံမီသမ္မာကျမ်း သေလွန်သောသူတို့အား ဘုရားသခင်ထမြောက်စေတော်မူသည်ကို မယုံနိုင်စရာဟု အရှင်တို့ အဘယ်ကြောင့်ထင်မှတ်ကြပါသနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သေလွန်သောသူတို့အား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသည်ကို ယုံဖွယ်မရှိဟု အရှင်တို့အဘယ်ကြောင့်ထင်မြင်ကြသနည်း။ |
ငါ ထာ ဝ ရ ဘု ရား မ တတ် နိုင် သော အ မှု တစ် စုံ တစ် ရာ ရှိ သ လော။ နောင် နှစ် ယ ခု အ ခါ သ မ ယ မိုး ဦး ကာ လ ရောက် လျှင် သင့် ထံ ငါ ပြန် လာ ဦး မည် ဖြစ်၍ စာ ရာ သည် သား ကို ရ လိမ့် မည် ဟု အာ ဗြ ဟံ အား ထာ၀ ရ ဘုရား မိန့် တော် မူ ၏။
လူ မ တတ် နိုင် သော အ ရာ များ ကို ဘု ရား သ ခင် တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။
လွှတ် တော် အ ရာ ရှိ အ ချို့ မှာ ဇ ဒ္ဒု ကဲ ဂိုဏ်း သား၊ အ ချို့ မှာ ဖာ ရိ ရှဲ အ ဆက် ဂိုဏ်း သား ဖြစ် ကြောင်း ကို သိ မြင် သော်၊ အ ချင်း ညီ အစ် ကို တို့၊ ကျွန်ုပ် သည် ဖာ ရိ ရှဲ အ ဆက် အ နွယ်၊ ဖာ ရိ ရှဲ ဖြစ်၏။ ကျွန်ုပ် တို့ စောင့် မြော် ရာ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း နှင့် စပ်၍ ကျွန်ုပ် စီ ရင် ခံ ရ သည် ဟု ဟစ် သော်၊
သူ တို့ အ ယူ ဘာ သာ မှ စ၍ သေ လွန် ပြီး ဖြစ် သော ယေ ရှု ဆို သူ့ ဆိုင် ရာ ဆွေး နွေး ချက် များ အ ကြောင်း စွဲ ဆို ကြ၏။ ပေါ လု မူ ကား ထို သူ အ သက် ရှင် သည် ဟူ၍ ကြား ပြော လေ၏။
ပြစ် မှား လျက် မ နေ ဘဲ ဖြောင့် မတ် စွာ နိုး ကြား ကြ လော့။ အ ချို့ တို့ သည် ဘု ရား သ ခင် နှင့် အ ကျွမ်း အ ဝင် ကင်း ကြ လေ စွ။ ဤ သို့ ဆို သည် ကား သင် တို့ ရှက် စေ ရန် တည်း။
ထို အ ရှင် သည် အ ရာ ခပ် သိမ်း ကို ကိုယ် တော် အောက် ချ ထား နိုင် သော တန် ခိုး တော် ဖြင့် ငါ တို့၏ နိမ့် ကျ သော ကိုယ် ခ န္ဓာ ကို ဘုန်း ကြီး သော ခ န္ဓာ တော် နှင့် တူ အောင် ပြောင်း လဲ စေ တော် မူ လိမ့် မည်။