ကိုယ် တော် သည် သုံ့ ပန်း ရာ ကို သုံ့ ပန်း လျက်၊ မြင့် ရာ သို့ တက် ကြွ၍၊ လူ တို့ ဘောင် တွင် ထာ ဝ ရ အ ရှင် ဘု ရား စံ နေ တော် မူ ရ အံ့ သော ငှာ၊ လူ တို့ ဆက် သ ရာ၊ ပုန် ကန် သူ တို့ ပင် ဆက် သ ကြ လေ ၏။
တမန်တော်ဝတ္ထု 1:9 - Garrad Bible တ မန် တော် တို့ ရှု မြင် ကြ စဉ် ချီ ဆောင် ခြင်း ကို ခံ တော် မူ ရာ မိုး တိမ် သည် မျက် ကွယ် အောင် ခံ ယူ လေ ၏။ Common Language Bible ဤသို့မိန့်တော်မူပြီးနောက်တမန်တော်တို့ ကြည့်လျက်နေကြစဉ် ကိုယ်တော်သည်ကောင်းကင် ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူ၏။ ထိုနောက် မိုးတိမ်သည်ကိုယ်တော်ကိုဖုံးကွယ်လေ၏။ Judson Bible တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မိန့်တော်မူပြီးနောက် သူတို့ကြည့်ရှုလျက်နေကြစဉ် ကိုယ်တော်သည် အထက်သို့ချီဆောင်ခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှဆောင်ယူသွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူပြီးနောက် တမန်တော်တို့သည် ကြည့်ရှုနေကြစဉ် သခင်ဘုရားသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့၏မြင်ကွင်းမှ ဖုံးကွယ်လေ၏။ |
ကိုယ် တော် သည် သုံ့ ပန်း ရာ ကို သုံ့ ပန်း လျက်၊ မြင့် ရာ သို့ တက် ကြွ၍၊ လူ တို့ ဘောင် တွင် ထာ ဝ ရ အ ရှင် ဘု ရား စံ နေ တော် မူ ရ အံ့ သော ငှာ၊ လူ တို့ ဆက် သ ရာ၊ ပုန် ကန် သူ တို့ ပင် ဆက် သ ကြ လေ ၏။
ထာ ဝ ရ ဘု ရား က လည်း၊ လူ မျိုး သည် သင့် အား ငါ မြွက် ဆို သည် ကို ကြား ၍ သင့် ကို အ စဉ် အ မြဲ ယုံ ကြ စေ ရန် ထူ ထပ် သော တိမ် တိုက် နှင့် တ ကွ သင် ရှိ ရာ သို့ ကြွ လာ မည် ဟု မော ရှေ အား မိန့် တော် မူ ၏။ လူ မျိုး၏ စ ကား များ ကို ထာ ဝ ရ ဘု ရား ထံ မော ရှေ ပြန် လျှောက် ရာ၊
ထို အ ရပ်၌ တိမ် တိုက် ဖြင့် ဆင်း သက် တော် မူ သော ထာ ဝ ရ ဘု ရား အ ပါး တော် တွင် ခ စား စဉ် ထာ ဝ ရ ဘု ရား၏ နာ မ တော်၌ ပ ဌ နာ ပြု လေ ၏။
အိ ဂျစ် ပြည် ကို ရည် သော ဗျာ ဒိတ် ချက် မူ ကား၊ ထာ ဝ ရ ဘု ရား သည် လျင် သော မိုး တိမ် ကို စီး နင်း၍၊ အိ ဂျစ် ပြည် ရောက် ကြွ တော် မူ ရာ၊ မျက် မှောက် တော် တွင်၊ ပြည် ရှိ ရုပ် ပွား ဆင်း တု များ တုန် လှုပ် ခြင်း၊ ပြည် သူ ပြည် သား တို့ စိတ် ပျက် ခြင်း ရှိ ကြ လိမ့် မည်။
ညဉ့် အ ခါ ထို ရူ ပါ ရုံ တွင် ငါ ရှု ကြည့် ရာ လူ့ သား နှင့် တူ သော သူ တစ် ဦး သည် မိုး တိမ် နှင့် တ ကွ လာ လျက် အ သက် ကြီး ရင့် သူ နေ ရာ တော် သို့ ရောက် လျှင် အ ပါး တော် သို့ ဝင် ရ လေ၏။
အ ရှင် ယေ ရှု သည် ထို သို့ မိန့် တော် မူ ပြီး မှ ကောင်း ကင် ဘုံ သို့ ချီ ဆောင် ခြင်း ကို ခံ၍ ဘု ရား သ ခင့် ယာ ဘက် တော်၌ စံ တော် မူ၏။
မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ရ ကြ လိမ့် မည်။
အ ချင်း ဂါ လိ လဲ နယ် သား တို့၊ အ ဘယ် ကြောင့် ကောင်း ကင် သို့ ကြည့် လျက် နေ ကြ သ နည်း။ သင် တို့ ထံ မှ ကောင်း ကင် သို့ ချီ ဆောင် ခြင်း ကို ခံ တော် မူ သော ထို ယေ ရှု သည် တက် ကြွ တော် မူ ရာ သင် တို့ မြင် ရ သည့် နည်း တူ ပင် ဆင်း ကြွ တော် မူ လိမ့် မည် ဟု ပြော ဆို ကြ ၏။
ထို့ နောက် အ သက် ရှင် လျက် ကျန် ကြွင်း သော ငါ တို့ သည် အာ ကာ သ၌ အ ရှင် ဘု ရား ကို ကြို ဆို ခြင်း ငှါ၊ ထို သူ တို့ နှင့် အ တူ တိမ် တိုက် ဖြင့် ယူ ဆောင် ခံ ရ၍ အ ရှင် ဘု ရား နှင့် ကာ လ အ စဉ် စံ နေ ကြ လိမ့် မည်။
ဘု ရား တ ရား ကြည် ညို ခြင်း ဖြစ် စေ သော နက် နဲ ရာ ကား၊ ကြီး မြတ် ကြောင်း ဝန် ခံ ထိုက် သည့် ပြင် ရုပ် ခ န္ဓာ၌ ဖော် ပြ ခြင်း၊ နံ ခ န္ဓာ၌ ဖြောင့် မတ် ကြောင်း ထင် ရှား ခြင်း၊ စေ တ မန် တော် တို့ ရှေ့ ထင် ပေါ် ခြင်း၊ လူ အ မျိုး မျိုး တို့ တွင် ကြေ ငြာ ခြင်း၊ ဤ လော က၌ ယုံ ကြည် ကြ ခြင်း၊ ဘုန်း တော် နှင့် တ ကွ ချီ ဆောင် ခြင်း များ ကို ခံ တော် မူ သော အ ရှင် တည်း။
ကိုယ် တော် သည် မိုး တိမ် နှင့် တ ကွ ကြွ လာ တော် မူ ရာ ထိုး ဖောက် ခဲ့ သူ တို့ မှ စ၍ လူ ဟူ သ မျှ ရှု မြင် ရ သည့် အ လျောက် ကိုယ် တော် ကြောင့် မြေ ပေါ် ရှိ လူ အ မျိုး မျိုး တို့ မြည် တမ်း ကြ လိမ့် မည်။ ဟုတ် မှန် ပေ၏။ အာ မင်။
ကောင်း ကင် ဘုံ မှ ဤ သို့ တက် ခဲ့ ကြ လော့ ဟု ကျယ် သော အ မိန့် သံ ကို ကြား ကြ ရာ တိမ် တိုက် စီး လျက် တက် သွား သည် ကို ရန် သူ တို့ မြင် ကြ လိမ့် မည်။
ထို သူ တို့ ကား မေ ထုန် နှင့် မ ညစ် ညူး ဘဲ လူ ပျို စင် ဖြစ် လျက် သိုး ငယ် တော် ကြွ တော် မူ လေ ရာ ရာ လိုက် ပါ သူ၊ ဘု ရား သ ခင် နှင့် သိုး ငယ် တော့် အ ဖို့ ကောက် ဦး အ ဖြစ် လူ တို့ ဘောင် က ဝယ် ယူ တော် မူ သူ၊