ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
၂ ရာချုပ် 9:16 - Common Language Bible ရှစ်ပေါင်နီးပါးစီရှိသည့်ရွှေပြားများဖြင့် မွမ်းမံထားသောဒိုင်းငယ်သုံးရာကိုပြုလုပ် တော်မူသည်။ သူသည်ထိုဒိုင်းအားလုံးကို လေဗနုန်တောခန်းမဆောင်တွင်ထားရှိ စေ၏။ Garrad Bible သုံး ပိဿာ စီ စီး သော ဒိုင်း လွှား ဝိုင်း သုံး ရာ များ ကို ထု လုပ် စေ ပြီး လျှင် လေဗ နုန် တော ခေါ် နန်း တော် တွင် ဆွဲ ထား လေ ၏။ Judson Bible သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဒိုင်းလွှားငယ်အခုသုံးရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားငယ်တစ်ခုစီတွင် ရွှေအချိန်သုံးရာပါဝင်၏။ ရှင်ဘုရင်သည် ထိုဒိုင်းလွှားတို့ကို လက်ဘနွန်တောစံနန်းဆောင်တွင် ထားရှိ၏။ |
ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
လေဗနုန်တောခေါ်ခန်းမဆောင် အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံခုနစ်ဆယ့် ငါးပေ၊ အမြင့်လေးဆယ့်ငါးပေရှိ၏။ ထို ခန်းမဆောင်တွင်သစ်ကတိုးသားတစ်ဆယ့် ငါးတိုင်ရှိသောတိုင်တန်းသုံးတန်းရှိ၏။ ထို တိုင်များပေါ်တွင်သစ်ကတိုးသားထုပ်များ တင်ထား၏။ မျက်နှာကျက်ကိုလည်းသစ် ကတိုးသားဖြင့်ပြုလုပ်ထားလေသည်။-
ရှိရှက်မင်းသည်ယေရုရှလင်မြို့သို့ချီတက် ၍ ရှောလမုန်မင်းပြုလုပ်ထားခဲ့သောရွှေဒိုင်း လွှားများအပါအဝင် ဗိမာန်တော်နှင့်နန်း တော်ဘဏ္ဍာရှိသမျှကိုသိမ်းယူသွားလေ သည်။-
ရှောလမုန်သည်တစ်ဆယ့်ငါးပေါင်နီးပါး စီရှိသည့်ရွှေပြားများဖြင့်မွမ်းမံထားသည့် ဒိုင်းကြီးနှစ်ရာ၊-
မင်းကြီးသည်တစ်ပိုင်းကိုဆင်စွယ်ဖြင့်လည်း ကောင်း၊ ကျန်တစ်ပိုင်းကိုရွှေစင်ဖြင့်လည်း ကောင်းမွမ်းမံထားသောရာဇပလ္လင်ကြီး ကိုပြုလုပ်စေတော်မူ၏။-