ကုန်သည်တို့ပေးသွင်းသည့်အခွန်တော်များ အပြင်နှစ်စဉ်နှစ်တိုင်းရှောလမုန်မင်းထံဆက် သွင်းရသောရွှေချိန်မှာနှစ်ဆယ့်ငါးတန်ကျော် ကျော်ဖြစ်၏။ အာရပ်ဘုရင်များနှင့်ဣသရေလ နယ်မြေဘုရင်ခံများကလည်းမင်းကြီးထံ ရွှေ၊ နှင့်ငွေများကိုဆက်သွင်းရကြသည်။-
ကူး သန်း ရောင်း ဝယ် သော ကုန် သည် တို့ အပ် ပေး ရ သော ကြေး ငွေ ပြင်၊ ရှော လ မုန် မင်း ထံ နှစ် စဉ် ဆက် သွင်း ရ သော ရွှေ ချိန် ကား၊ ခွက် နှစ် သောင်း ခန့် တည်း။ အာ ရပ် စော် ဘွား တို့ နှင့် ဝန် မင်း ရှိ သ မျှ တို့ သည် ရှော လ မုန် မင်း ထံ ရွှေ ငွေ များ ကို ဆက် သွင်း ရ ကြ ၏။
ရှောလမုန်ထံသို့ တစ်နှစ်တစ်နှစ်လျှင် ရောက်သောရွှေအချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက်ပိဿာဖြစ်သတည်း။
ရှောလမုန်မင်းကြီးထံ နှစ်စဉ်ရောက်လာသောရွှေအလေးချိန်မှာ ရွှေတာလန်ခြောက်ရာခြောက်ဆယ်ခြောက်တာလန်ရှိ၏။
သူ၏ထံသို့ဟိရံမင်းသည်မိမိ၏ပင်လယ် သွားကျွမ်းကျင်သူများနှင့်အလုပ်ရည်ဝ သူသင်္ဘောသားများလိုက်ပါသည့်သင်္ဘော များကိုစေလွှတ်တော်မူ၏။ ထိုသူတို့သည် ရှောလမုန်၏ပင်လယ်သွားကျွမ်းကျင်သူ များနှင့်အတူသြဖိရမြို့သို့သင်္ဘောလွှင့် ကြပြီးလျှင်ရွှေတစ်ဆယ့်ခြောက်တန်နီး ပါးကိုရှောလမုန်ထံသို့ယူဆောင်ခဲ့ကြ ၏။
ရှောလမုန်မင်းသည်ဘုရင်မထံမှရရှိသည့် လက်ဆောင်များအတွက် မိမိပြန်လည်ပေးသည့် လက်ဆောင်များအပြင်ဘုရင်မအလိုရှိ သမျှသောအရာများကိုပေးတော်မူ၏။ ထို နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
မင်းကြီးသည်သက်တော်ရှည်ပါစေသော။ အာရေဗျပြည်မှရွှေများကိုလက်ဆောင်ပဏ္ဏာ အဖြစ်ရရှိပါစေသော။ လူတို့သည်မင်းကြီး၏အတွက်အစဉ်ဆုတောင်း ပတ္ထနာများပြုကြပါစေသော။ ဘုရားသခင်သည်မင်းကြီးအားအစဉ်အမြဲ ကောင်းချီးပေးတော်မူပါစေသော။