ရှောလမုန်၏အလုပ်သမားများနှင့်ဟိရံ၏ အလုပ်သမားများသည်ဗိမာန်တော်ဆောက်လုပ် ရန်အတွက် ဂေဗာလမြို့သားများနှင့်အတူ ကျောက်များနှင့်သစ်များကိုပြင်ဆင်ကြ လေသည်။
၂ ရာချုပ် 8:16 - Common Language Bible ယခုအခါ၌ရှောလမုန်၏စီမံကိန်းရှိသမျှ ကိုလက်စသတ်လိုက်လေပြီ။ ထာဝရဘုရား၏ ဗိမာန်တော်ကိုအုတ်မြစ်ချချိန်မှတည်ဆောက် မှုလက်စသတ်ချိန်အထိ ဆောင်ရွက်စရာရှိ သမျှသောအလုပ်တို့သည်အောင်မြင်စွာ ပြီးစီးသွားလေပြီ။ Garrad Bible အ မြစ် ချ သည် က စ၍ အ ပြီး သတ် သည့် တိုင် အောင် ပြင် ဆင် ပြီး သည့် အ လျောက်၊ ရှော လ မုန် မင်း ပြု လုပ်၍ ထာဝ ရ ဘု ရား ၏ ဗိမာန် တော် ပြီး စီး ထ မြောက် သ တည်း။ Judson Bible ထာဝရဘုရား၏အိမ်တော်အမြစ်မချမီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အိမ်တော်အုတ်မြစ်ချသည့်နေ့မှစ၍ အားလုံးပြီးစီးသည်အထိ ရှောလမုန်မင်းကြီး လုပ်ဆောင်ရမည့်လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးလေ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်ဆောက်လုပ်ခြင်းအမှု ပြီးစီးလေ၏။ |
ရှောလမုန်၏အလုပ်သမားများနှင့်ဟိရံ၏ အလုပ်သမားများသည်ဗိမာန်တော်ဆောက်လုပ် ရန်အတွက် ဂေဗာလမြို့သားများနှင့်အတူ ကျောက်များနှင့်သစ်များကိုပြင်ဆင်ကြ လေသည်။
ရှောလမုန်မင်းနန်းစံလေးနှစ်မြောက်ဇိဖခေါ် ဒုတိယလ၌ ဗိမာန်တော်ကိုကျောက်မြစ်ချ၍၊-
ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။
ဗိမာန်တော်ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကျောက်များကိုကျောက်တွင်းတွင်ဆစ်ပြီးမှ ယူခဲ့သဖြင့် ဗိမာန်တော်တည်ဆောက်ချိန်၌ တူ၊ ပုဆိန်စသောသံတန်ဆာများနှင့်ထုလုပ် သံမကြားရချေ။
ပစ္စည်းသိုလှောင်ရုံများ၊ အခြားအမှုကိစ္စ များနှင့်ပတ်သက်၍ဒါဝိဒ်ပေးခဲ့သည့်ညွှန် ကြားချက်များကိုလည်းအသေးစိတ် လိုက်နာဆောင်ရွက်တော်မူ၏။
ထိုနောက်ရှောလမုန်သည်ဧဒုံပြည်၊ အာကွဗာ ပင်လယ်ကွေ့ပေါ်ရှိသင်္ဘောဆိပ်မြို့များဖြစ် သောဧဇယုန်ဂါဗာမြို့နှင့်ဧလုတ်မြို့သို့ကြွ တော်မူ၏။-