ခေါင်းဆောင်အပေါင်းတို့လာရောက်စုဝေးကြ သောအခါ ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုထမ်း၍၊-
၂ ရာချုပ် 5:4 - Common Language Bible ခေါင်းဆောင်အပေါင်းတို့စုရုံးမိကြသော အခါ လေဝိအနွယ်ဝင်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုချီပင့်၍- Garrad Bible လူ ကြီး အ ပေါင်း တို့ ရောက် လာ ကြ ရာ သေ တ္တာ တော် ကို လေ ဝိ ဂိုဏ်း သား တို့ ပင့် ချီ လျက် Judson Bible ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည်လာ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးသက်ကြီးဝါကြီးအားလုံး ရောက်လာသောအခါ လေဝိအမျိုးတို့သည် သေတ္တာတော်ကို ပင့်ဆောင်ကြ၏။ |
ခေါင်းဆောင်အပေါင်းတို့လာရောက်စုဝေးကြ သောအခါ ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုထမ်း၍၊-
ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
ဗိမာန်တော်သို့ပင့်ဆောင်ကြ၏။ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ကိုလည်း သက်ဆိုင်ရာပစ္စည်းတန်ဆာရှိသမျှတို့နှင့် တကွဗိမာန်တော်သို့ပြောင်းရွှေ့ကြ၏။-
ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုဗိမာန်တော်ထဲသို့ပင့်ဆောင် လာပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ၌ခေရုဗိမ်များ၏အကြားတွင်ထားကြ၏။-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
ထိုနောက်သူသည်ယဇ်ပုရောဟိတ်တို့အား ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်၍ လူထု ရှေ့ကချီတက်ရန်စေခိုင်းသည့်အတိုင်းသူ တို့သည်ချီတက်သွားကြ၏။
ယောရှုသည်ယဇ်ပုရောဟိတ်များကိုခေါ်ပြီး လျှင်``ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြ လော့။ သင်တို့အနက်ခုနစ်ယောက်တို့သည် တံပိုးခရာများကိုကိုင်လျက် ပဋိညာဉ် သေတ္တာတော်ရှေ့ကသွားကြလော့'' ဟုမှာ ကြား၏။-