မင်းကြီးက``ငါ၏မှူးမတ်တို့ကိုအတူခေါ်ကာ သားတော်ရှောလမုန်အား ငါ၏မြည်းတော်ကို စီးစေ၍ဂိဟုန်စမ်းသို့ပို့ဆောင်ကြလော့။-
၂ ရာချုပ် 32:30 - Common Language Bible ဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။- Garrad Bible ဟေ ဇ ကိ မင်း သည်၊ ဂိ ဟုန် အ ထက် စမ်း ရေ ကို ပိတ် သွင်း လျက်၊ အ နောက် ဘက် ရှိ ဒါ ဝိဒ် မြို့ တော် သို့ တည့် တည့် စီး ဝင် စေ၏။ ဟေ ဇ ကိ မင်း သည် ကြံ တိုင်း ထ မြောက် သ တည်း။ Judson Bible ထိုမှတစ်ပါး၊ ဟေဇကိသည် ဂိဟုန်အထက်ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဟေဇကိမင်းကြီးသည် ဂိဟုန်ချောင်းအထက်ရေစီးကြောင်းကို ပိတ်ပြီး ဒါဝိဒ်မြို့၏အနောက်ဘက်သို့ မြောင်းသွယ်၍စီးဆင်းစေ၏။ ဟေဇကိမင်းကြီးသည် ပြုလေသမျှတို့၌ အောင်မြင်၏။ |
မင်းကြီးက``ငါ၏မှူးမတ်တို့ကိုအတူခေါ်ကာ သားတော်ရှောလမုန်အား ငါ၏မြည်းတော်ကို စီးစေ၍ဂိဟုန်စမ်းသို့ပို့ဆောင်ကြလော့။-
ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။-
ထို့နောက်ဇာဒုတ်နှင့်နာသန်တို့ကရှောလမုန် အား ဂိဟုန်စမ်းတွင်ဘိသိက်ပေးကြပါသည်။ သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ် လျက်မြို့ထဲသို့ဝင်ကြသဖြင့် မြို့သူမြို့သား တို့သည်ယခုအခါအုတ်အုတ်ကျက်ကျက် ဖြစ်၍နေကြပါ၏။ အရှင်ကြားရသည့် အသံသည်ထိုသူတို့၏အသံပင်ဖြစ်ပါ၏။-
ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
သူသည်မိမိ၏ဘာသာရေးအတိုင်ပင်ခံ ဇာခရိအသက်ရှင်လျက်နေသမျှကာလ ပတ်လုံး ထာဝရဘုရားအားသစ္စာနှင့်ကိုး ကွယ်သဖြင့်ဘုရားသခင်သည်သူ့အား ကောင်းချီးပေးတော်မူ၏။
မိမိ၏မှူးမတ်များနှင့်တိုင်ပင်၍အာရှုရိ အမျိုးသားတို့ရောက်လာချိန်၌ ရေမရအောင် မြို့ပြင်သို့ရေလွှတ်မြောင်းများကိုဖြတ်တောက် စေတော်မူ၏။ မှူးမတ်တို့သည်လူအမြောက် အမြားကိုစုရုံးလျက်စမ်းရေတွင်းရှိသမျှ တို့ကိုပိတ်ဆို့လိုက်ကြ၏။-
ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။-