ရှိမောင်နှင့်သူ၏သားများဖြစ်ကြသောယေ မွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန် အမျိုးသမီးနှင့်ရသောသားရှောလ။-
၂ ရာချုပ် 3:17 - Common Language Bible ထိုတိုင်ကြီးတို့ကိုဗိမာန်တော်အဝတစ်ဖက် တစ်ချက်တွင်ထားရှိ၍တောင်ဘက်ရှိတိုင်ကြီး ကိုယာခိန်၊ မြောက်ဘက်ရှိတိုင်ကြီးကိုဗောဇ ဟုသမုတ်သတည်း။ Garrad Bible ထို တိုင် နှစ် လုံး ကို ဗိ မာန် တော် ဦး ဝဲ ယာ တွင် စိုက် ထား ၍ လက်ျာ တိုင် ကို ယာ ခိန်၊ လက် ဝဲ တိုင် ကို ဗော ဇ ဟု သ မုတ် သ တည်း။ Judson Bible ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ယာဘက် လက်ဝဲဘက်၌ စိုက်ထား၍၊ လက်ယာတိုင်ကို ယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း တိုင်နှစ်တိုင်ကို ဗိမာန်တော်မျက်နှာစာတွင် တောင်ဘက်တစ်တိုင်၊ မြောက်ဘက်တစ်တိုင် စိုက်ထူထား၏။ တောင်ဘက်ရှိတိုင်ကို ယာခိန် ဟုအမည်ပေးထားပြီး မြောက်ဘက်ရှိတိုင်ကို ဗောဇ ဟုအမည်ပေးထား၏။ |
ရှိမောင်နှင့်သူ၏သားများဖြစ်ကြသောယေ မွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန် အမျိုးသမီးနှင့်ရသောသားရှောလ။-
ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။-
တိုင်ထိပ်များမှာထုလုပ်သောပန်းကုန်းနှင့် ကြေးဝါသလဲသီးတစ်ရာစီဖြင့်တန်ဆာ ဆင်ထားလေသည်။-
မုခ်ဦးခန်းသည်အနံသုံးဆယ့်လေးပေ၊ ထုပေနှစ်ဆယ်ရှိ၍ယင်းကိုလှေကားထစ်များဖြင့်တက်ရ၏။ မုခ်ဦးပေါက်တစ်ဖက်တစ်ချက်တွင်တိုင်တစ်လုံးစီရှိသတည်း။