အာခဇိမင်း၏မယ်တော်အာသလိသည် မိမိ၏သားတော်အသတ်ခံရကြောင်း သတင်းရသည်နှင့်တစ်ပြိုင်နက် မင်းဆွေ မင်းမျိုးရှိသမျှတို့ကိုသုတ်သင်ပစ်ရန် အမိန့်ပေးလေသည်။-
၂ ရာချုပ် 24:7 - Common Language Bible (ဖောက်ပြန်ဆိုးညစ်သည့်အမျိုးသမီး အာသလိ၏နောက်လိုက်တို့သည် ဗိမာန်တော် ကိုဖျက်ဆီးပြီးလျှင်အမြတ်တနိုးထားအပ် သည့်ပစ္စည်းအသုံးအဆောင်များကို ဗာလ ဘုရားအားဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုခဲ့ကြသတည်း။) Judson Bible အဓမ္မမိန်းမ အာသလိ၏သားတို့သည် ဗိမာန်တော်ကိုဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သောဘဏ္ဍာရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောဘုရင်မအာသလိ၏သားတို့သည် ဘုရားသခင်၏အိမ်တော်ကိုဖြိုဖျက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကိုယူသွား၍ ဗာလဘုရားအတွက် အသုံးပြုခဲ့ကြ၏။ |
အာခဇိမင်း၏မယ်တော်အာသလိသည် မိမိ၏သားတော်အသတ်ခံရကြောင်း သတင်းရသည်နှင့်တစ်ပြိုင်နက် မင်းဆွေ မင်းမျိုးရှိသမျှတို့ကိုသုတ်သင်ပစ်ရန် အမိန့်ပေးလေသည်။-
ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-
သူတို့သည်ယုဒပြည်သို့ချင်းနင်းဝင် ရောက်ကာနန်းတော်ကိုလုယက်ကြ၏။ ထို နောက်သားတော်အငယ်ဆုံးဖြစ်သူအာခဇိ မှတစ်ပါးအခြားသားတော်များနှင့်မိ ဖုရားများကိုသုံ့ပန်းအဖြစ်ဖြင့်ဖမ်း ဆီးသွားလေသည်။
မယ်တော်ကမကောင်းသောအကြံဉာဏ်များ ကိုပေးသဖြင့် အာခဇိသည်အာဟပ်မင်းအိမ် ထောင်စုသားတို့၏လမ်းစဉ်ကိုလိုက်လေသည်။-
ယောရှသည်နန်းတက်ပြီးနောက်ကာလအတန် ကြာသောအခါ ထာဝရဘုရား၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အကြံရှိတော် မူ၏။-
ဧသတာက``ကျွန်တော်မတို့၏ရန်သူ၊ ကျွန် တော်မတို့အား နှိပ်စက်ညှင်းပန်းသူမှာဤ သူယုတ်မာဟာမန်ပင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်လေ၏။ ထိုအခါဟာမန်သည်ကြောက်လန့်တုန်လှုပ် လျက်နေတော့၏။-
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
ငါသည်သူ၏ချစ်သူများရှေ့တွင်သူ၏ အဝတ်ရှိသမျှကိုချွတ်ပစ်မည်။ ငါ၏လက် တွင်းမှသူ့အားမည်သူမျှမကယ်နိုင်။-
သူသည်ငါ့ကိုမေ့လျော့ပြီးလျှင်ဗာလ ဘုရားအားနံ့သာပေါင်းကိုမီးရှို့ပူဇော် လျက် ရွှေငွေတန်ဆာများကိုဝတ်ဆင်၍ ချစ်သူများနောက်သို့လိုက်သည့်အခါများ အတွက်သူ့အားငါဒဏ်ခတ်မည်။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-
ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-