သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
၂ ရာချုပ် 22:11 - Common Language Bible အာခဇိတွင်ယောရှေဘဆိုသူအဖေတူ အမေကွဲညီမတစ်ယောက်ရှိ၏။ သူသည် ယောယဒနာမည်ရှိယဇ်ပုရောဟိတ်နှင့် အိမ်ထောင်ကျ၏။ ယောရှဘသည်အသတ် ခံရမည့်မင်းညီမင်းသားများအနက် အာခဇိ၏သားယောရှအားလျှို့ဝှက်စွာ ကယ်ဆယ်ပြီးလျှင် နို့ထိန်းတစ်ယောက်နှင့် အတူဗိမာန်တော်ရှိအိပ်ခန်း၌ဝှက်ထား လေသည်။ သူသည်ယင်းသို့ဝှက်ထားခြင်း အားဖြင့် သူငယ်အားအာသလိ၏ဋ္ဌား ဘေးမှလွတ်မြောက်စေ၏။- Garrad Bible သို့ ရာ တွင်၊ ဘု ရင့် သ မီး တော် ယော ရှေ ဘ သည်၊ ကွပ် မျက် ခံ ရ သူ မင်း ညီ မင်း သား တို့ အ နက်၊ အာ ခ ဇိ မင်း သား တော် ယော ရှ ကို လျှို့ တ ဝှက် ယူ၍၊ အ ထိန်း တော် ပါ၊ စက် ခန်း ဆောင် တွင် ဝှက် ထား လေ ၏။ ထို သို့ ယ ဟော ရံ မင်း သ မီး တော် အာ ခ ဇိ မင်း နှ မ တော်၊ ပ ရော ဟိတ် ယော ယ ဒ ၏ ခင် ပွန်း ယော ရှေ ဘ သည်၊ အာ သ လိ ဓား ဘေး မှ လွတ် စေ ခြင်း ငှာ ဝှက် ထား သည့် အ တိုင်း၊ ပြည် တော် ကို အာ သ လိ စိုး စံ စဉ်၊ သူ တို့ နှင့် အ တူ၊ ဗိ မာန် တော် တွင် ခြောက် နှစ် တိုင် တိုင် ယော ရှ ပုန်း နေ ရ လေ ၏။ Judson Bible သို့ရာတွင်၊ ရှင်ဘုရင်သမီး ယောရှေဘသည်၊ အာခဇိ၏သား ယောရှကိုအသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ်ပုရောဟိတ်ယောယဒ၏မယားဖြစ်သော အာခဇိ၏နှမယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှာဝှက်ထားသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယဟောရံမင်းကြီး၏သမီးတော်ယောရှေဘသည် အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ထည့်ထား၏။ ဤသို့ ယဟောရံမင်းကြီး၏သမီးတော် ယဇ်ပုရောဟိတ်ယောယဒ၏မယား အာခဇိမင်းကြီး၏နှမတော်ဖြစ်သောယောရှေဘသည် ယောရှကိုဝှက်ထားသဖြင့် အာသလိရန်မှ ကင်း၍ အသတ်မခံရတော့ပေ။ |
သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
သို့ရာတွင်သူ၏ဘုရားသခင်ထာဝရဘုရား သည် ဒါဝိဒ်၏မျက်နှာကိုထောက်၍အဘိယမရှိ သည့်နောက်၌ ယေရုရှလင်မြို့ကိုအုပ်စိုးရန်နှင့် ယေရုရှလင်မြို့ကိုဘေးမဲ့လုံခြုံစွာစောင့်ထိန်း ရန်သားတော်တစ်ပါးကိုပေးတော်မူ၏။-
အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။-
သို့ရာတွင်ထာဝရဘုရားသည်ဒါဝိဒ်နှင့် ပဋိညာဉ်ပြုတော်မူ၍ သူ၏အမျိုးမင်းရိုး မပြတ်စေရန်ကတိထားတော်မူခဲ့သဖြင့် ဒါဝိဒ်မင်းဆက်ပျက်သုဉ်းသွားစေရန် အလိုတော်မရှိချေ။
အာခဇိ၏မယ်တော်အာသလိသည်သား တော်လုပ်ကြံခံရကြောင်းကိုကြားသည်နှင့် တစ်ပြိုင်နက် ယုဒပြည်ရှိမင်းမျိုးမင်းနွယ် ရှိသမျှကိုသုတ်သင်လေ၏။-
အာသလိနန်းစံနေစဉ်ယောရှသည် ခြောက်နှစ်တိုင်တိုင် ဗိမာန်တော်တွင်ပုန်း အောင်းလျက်နေ၏။
ယောယဒသည်ခြောက်နှစ်မျှစောင့်ဆိုင်းနေ ပြီးနောက် အရေးယူဆောင်ရွက်ရန်အချိန်ကျ ပြီဖြစ်ကြောင်းဆုံးဖြတ်လျက် တပ်မတော် အရာရှိငါးဦးဖြစ်ကြသောယေရောဟံ ၏သားအာဇရိ၊ ယောဟနန်၏သားဣရှမေလ၊ သြဗက်၏သားအာဇရိ၊ အဒါယ၏သား မာသေယ၊ ဇိခရိသားဧလိရှဖတ်တို့ နှင့်သဘောတူညီချက်ရပြီးနောက်၊-
ထာဝရဘုရားသည်လူမျိုးတကာတို့၏ ရည်မှန်းချက်များကိုပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည်များကိုလည်း အထမမြောက်စေရန်ဆီးတားတော်မူ၏။
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-
ထာဝရဘုရားက``စပျစ်သီးကောင်းများ ကို အဘယ်သူမျှမဖျက်ဆီးတတ်။ နယ်၍ စပျစ်ရည်လုပ်တတ်ကြ၏။ ငါသည်လည်း ငါ၏လူအပေါင်းကိုသုတ်သင်ဖျက်ဆီး ပစ်လိမ့်မည်မဟုတ်။-
ယင်းသို့ထိုသူတို့စုဝေးကြခြင်းမှာကိုယ်တော် ရှင်၏တန်ခိုးတော်နှင့် အလိုတော်အရခွဲခန့် ပြဋ္ဌာန်းထားတော်မူသမျှသောအရာတို့ကို ဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။-