ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။
၂ ရာချုပ် 21:1 - Common Language Bible ယောရှဖတ်ကွယ်လွန်သောအခါဒါဝိဒ်မြို့ရှိ ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ သား တော်ယဟောရံသည်ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။ Garrad Bible ယော ရှ ဖတ် မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဘင် တော် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင်၊ စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် ယေ ဟော ရံ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။
ယောရှဖတ်ကွယ်လွန်သောအခါ သူ့ကိုယေရု ရှလင်မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ယဟောရံသည် ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
ယဟောရံကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သားတော်အာခဇိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့တော်ရှိဘုရင်များ၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အဘိယသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
သို့ရာတွင်မရေရှမြို့နေဒေါဒဝ၏သား ဧလျေဇကယောရှဖတ်အား``အရှင်သည် အာခဇိနှင့်မဟာမိတ်ဖွဲ့သဖြင့် ထာဝရ ဘုရားသည်အရင်ဆောက်လုပ်ထားသည့် သင်္ဘောများကိုဖျက်ဆီးတော်မူလိမ့်မည်'' ဟုဆိုသည့်အတိုင်းထိုသင်္ဘောတို့သည် ပျက်၍တာရှုမြို့သို့မသွားရချေ။
သူသည်သက်တော်သုံးဆယ့်နှစ်နှစ်၌နန်း တက်၍ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်းစံ တော်မူ၏။ ကွယ်လွန်သောအခါသူ၏အတွက် အဘယ်သူမျှဝမ်းမနည်းကြ။ သူ့အလောင်း ကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်တို့၏သင်္ချိုင်းတွင်မသင်္ဂြိုဟ်ကြ။
သူကွယ်လွန်သောအခါသားတော်ရောဗောင် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။