ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
၂ ရာချုပ် 18:7 - Common Language Bible အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``အဆွေတော်ဤသို့ မပြောသင့်ပါ'' ဟုဆို၏။ Garrad Bible ဣ သ ရေ လ ဘု ရင် က၊ ထာ ဝ ရ ဘု ရား ထံ မေး လျှောက် ရန်၊ ဣ မ လ သား မိ က္ခာ တစ် ပါး ရှိ သေး ၏။ ထို သူ့ ကို ကား မ နှစ် သက်။ ကျွန်ုပ်၌ မင်္ဂ လာ စ ကား ကို မ ဟော၊ အ မင်္ဂ လာ စ ကား ကို သာ အ စဉ် ဟော တတ် သည် ဟု၊ ယော ရှ ဖတ် မင်း အား ဆို လျှင်၊ အ ကြည် တော်၊ ထို သို့ မ ထင် ပါ လင့် ဟု၊ ယော ရှ ဖတ် မင်း ပြန် ဆို သည် နှင့်၊ Judson Bible ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတစ်ယောက်၊ ဣမလသားမိက္ခာရှိသေး၏။ သို့ရာတွင်၊ ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က၊ ထိုသို့ မင်းကြီးမပြောပါနှင့်ဟု ပြန်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကို ငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် မည်သည့်အခါမျှ အကောင်းကိုမဟော။ သူ့တစ်သက်မှာ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယ ဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။ |
ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။
အာဟပ်သည်ဧလိယကိုမြင်သောအခါ``ငါ ၏ရန်သူ၊ သင်သည်ငါ့ကိုတွေ့ပြီလော'' ဟု မေး၏။ ဧလိယကလည်း``တွေ့ပြီ။ သင်သည်ထာဝရ ဘုရား၏မျက်နှာတော်တွင်ဒုစရိုက်ကို သာပြုလို၏။-
အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
သို့ရာတွင် ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖတ်တစ်ပါးရှိ ပါသေးသလော'' ဟုမေး၏။
သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း ခေါ်ဆောင်ခဲ့ရန်အမိန့်ပေးတော်မူ၏။
သူယုတ်မာတို့သည်မိမိတို့၏အပြစ်ဒုစရိုက် ကြောင့် အသက်ဆုံးကြရလိမ့်မည်။ သူတော်ကောင်းကိုမုန်းသောသူတို့သည် အပြစ်ဒဏ်သင့်ကြလိမ့်မည်။
ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။ သူယုတ်မာတို့၏နှိပ်စက်ညှဉ်းဆဲမှုကြောင့် ကျွန်တော်မျိုးစိတ်ပျက်အားလျော့ပါ၏။ သူတို့သည်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခ ရောက်စေကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားအမျက်ထွက်၍ မုန်းကြပါ၏။
ရွှံ့နွံတွင်မကျွံမနစ်စေရန်ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ရန်သူများ၏ဘေးမှလည်းကောင်း၊ ရေနက်ရာမှလည်းကောင်းကယ်ဆယ်တော်မူပါ။
လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
ပရောဖက်များကိုလည်းဆိတ်ဆိတ်နေရန် ပြောဆိုကြ၏။ သူတို့က``ငါတို့အားအမှန် တရားကိုမပြောကြနှင့်။ ငါတို့ကြားလို သောစကားကိုပြောကြလော့။ ငါတို့အား မိမိတို့၏လွဲမှားသောအထင်အမြင် အယူအဆများနှင့်ပင်ရှိနေစေကြ လော့။-
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
ရုံးတော်များ၌မတရားမှုကိုရှုတ်ချကာ အမှန်ကိုသာပြောသူတို့ကိုသင်တို့သည် မုန်းကြ၏။-
ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။
သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေး၍ ကိုယ်ရံတော်တပ်သားတစ်ယောက်ကို စေလွှတ်လိုက်၏။ တပ်သားသည်အကျဉ်းထောင်သို့ သွား၍ယောဟန်၏ဦးခေါင်းကိုဖြတ်၏။-
``လူသားကြောင့်သင်တို့ကိုလူများမုန်းကြသော အခါ၌လည်းကောင်း၊ ပစ်ပယ်ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏ဂုဏ်အသရေကိုရှုတ်ချ ကြသောအခါ၌လည်းကောင်းသင်တို့သည်မင်္ဂလာ ရှိကြ၏။-
အကယ်၍ငါသည်အခြားမည်သူမျှမပြု သည့်အမှုအရာများကိုသူတို့၏ရှေ့တွင် မပြုခဲ့လျှင် သူတို့၌အပြစ်ရှိမည်မဟုတ်။ ယခုမူကားသူတို့သည်ငါပြုသည့်အမှု အရာများကိုမြင်ရကြလေပြီ။ သို့ဖြစ်၍ ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်း ကောင်းမုန်းကြ၏။-
ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-
ယခုငါသည်သင်တို့အားမှန်ရာကိုပြောဆို သည့်အတွက်သင်တို့၏ရန်သူဖြစ်လေပြီလော။