ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-
၂ ရာချုပ် 16:5 - Common Language Bible ဤသတင်းကိုကြားသောအခါဗာရှာမင်း သည် ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ လိုက်လေသည်။- Garrad Bible ထို သ တင်း ကို ဗာ ရှာ မင်း ကြား သော်၊ ရာ မ မြို့ တည် ဆောက် မှု ကို လက် လွှတ် ခဲ့ ရာ တွင်၊ Judson Bible ထိုသတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍ နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသတင်းကို ဗာရှာမင်းကြီးကြားလျှင် ရာမမြို့တည်ဆောက်ခြင်းအမှုကိုဆက်မလုပ်တော့ဘဲ ရပ်စဲလိုက်လေ၏။ |
ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-
ဤသတင်းကိုကြားသောအခါဗာရှာမင်း သည်ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ၍ တိရဇမြို့သို့ထွက်ခွာသွားတော်မူ၏။
ဗင်္ဟာဒဒ်သည်အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိတပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသ ရေလမြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူ တို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့ နှင့်နဿလိနယ်မြေရှိပစ္စည်းသိုလှောင်ရာ မြို့အပေါင်းကိုသိမ်းယူလိုက်ကြ၏။-
ထိုအခါအာသမင်းသည်ယုဒပြည်တစ် လျှောက်လုံးမှ လူတို့ကိုဆင့်ခေါ်ပြီးလျှင် ရာမမြို့တံတိုင်းကာရံမှုတွင် အသုံးပြု လျက်ရှိသောကျောက်တုံးများနှင့်သစ်သား များကိုသယ်ဆောင်လာစေတော်မူ၏။ သူတို့ သည်ထိုပစ္စည်းများဖြင့် ဂေဘမြို့နှင့်မိဇပါ မြို့တို့ကိုတံတိုင်းကာကြ၏။